Connect with us

Politics, Law & Military

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရုံများ ပိတ်၊ မဲရလဒ်များစတင်ရေတွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံတစ်ခု၌ ဆန္ဒ မဲများရေတွက်ရန် ပြင်ဆင်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးသည် ညနေ(၄)နာရီတွင် ပိတ်သိမ်းခဲ့ပြီး မဲရလဒ်များ စတင်ရေတွက်နေပြီဖြစ်ကြောင်း သိရသည်။

” မဲဆန္ဒပေးခွင့်ရှိသူများတဲ့ မဲရုံကြီးတွေမှာသာ မဲပေးတဲ့လူ နည်းနည်းကျန်တယ်၊ တစ်ချို့မဲရုံတွေက ဆန္ဒမဲပေးခွင့်ရှိသူကုန်သွားလို့ အစောကြီးပိတ်ထားရတာတွေရှိတယ်၊ လူတော်တော်များများ မဲလာပေးကြပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဒေါနခြံရပ်ကွက်ရှိ မဲရုံသို့ လာရောက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။

 

 

 

ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဟူသော လွှတ်တော်သုံးရပ် နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးအား ရွေးကောက်တင်မြှောက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။

” ဘာအဓိကရုန်းမှ မဖြစ်ဘဲ အေးအေးချမ်းချမ်း မဲပေးနိုင်ခဲ့ပါတယ်၊ နေ့ခင်းလောက်ကထိတော့ မဲပေးခွင့်ရှိသူ တစ်ဝက်လောက်ထိလာပေးနေတာတွေ့တယ်၊ ဆက်လည်းပေးနေတာ တွေ့တယ်၊ ထူးခြားဖြစ်စဉ်ဆိုလို့ မဲရုံက ဆရာမတွေအမှားပါ၊ တိုင်းဒေသကြီးလွှတ်တော်စာရွက်နဲ့ အမျိုးသားလွှတ်တော် စာရွက်မှားထုတ်ပြီး မဲပုံးထဲထည့်တာရှိတယ်၊ လူ ၄၀လောက်စာမှားထည်းခဲ့တယ်၊ ဒါပေမယ့် ခု ၄နာရီမဲရုံပိတ် မဲရေတွက်ရင်တော့ ပြန်ထုတ်ပြီးပြောင်းထည့်ဖို့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ သဘောတူထားပါတယ်” ဟု PPP ပါတီမှ ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လင်းက ဆင်ဟွာသို့ပြောသည်။

မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၂,၀၀၀ ကျော် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

” မဲပေးခွင့်ရှိတဲ့လူတွေ အားလုံးအေးအေးချမ်းချမ်း မဲပေးနိုင်ခဲ့တယ်၊ တချို့ ပြသာနာလေးတွေ အနားငယ်တော့ရှိတယ်၊ ဒါပေမယ့် အေးအေးချမ်းချမ်း ပိတ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ မဲရုံတစ်ခုမှ မဲရုံမှူးက ဆင်ဟွာသို့ ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ကိုယ်စားလှယ်လောင်း ၁,၁၀၆ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း ၁,၀၈၉ ဦးဖြင့် ပါတီများအနက် ကိုယ်စားလှယ်ဦးရေ အရေအတွက်အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၏ ရလဒ် များကို နိုဝင်ဘာ ၉ ရက်မှစ၍ မွန်းတည့် ၁၂ နာရီ ၊ ညနေ ၄ နာရီ နှင့် ည ၈:၀၀ နာရီ တို့တွင် တစ်ရက်လျှင် သုံးကြိမ် အသီးသီး ထုတ်ပြန်သွားမည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အစောဆုံး ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.