Connect with us

Politics, Law & Military

Body Cocah(ဖောက်စွပ်/ဖြတ်ဆက်)ယာဉ်များကို အစားထိုးတင်သွင်းခွင့် “ဃ”(စလစ်) ထုတ်ပေးမည်

Body Cocah(ဖောက်စွပ်/ဖြတ်ဆက်)ယာဉ်များနှင့် ပတ်သက်သည့်ကြေငြာချက်အားတွေ့ရစဉ်(ကညန)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ-၁၈(င)အရ အစိတ်အပိုင်းမမှန်မကန် Body Cocah (ဖောက်စွပ်/ဖြတ်ဆက်) ပြုလုပ်ထားသော မော်တော်ယာဉ်များအတွက် ယာဉ်အစားထိုးတင်သွင်းခွင့် “ဃ” (စလစ်) ထုတ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

အစိတ်အပိုင်းမမှန်မကန် Body Cocah ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ရဲစခန်းများတွင် ထိန်းသိမ်းထားသော ယာဉ်များနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ထိန်းသိမ်းထားသော ယာဉ်များကို သံရည်ကျိုအပ်နှံစေ၍ ယာဉ်အို/ဟောင်းအပ်အစားထိုး ယာဉ်တင်သွင်းခွင့်ပုံစံ “ဃ” စလစ် ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အစိတ်အပိုင်းမမှန်မကန် Body Cocah ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိရ၍ မှတ်ပုံတင်ဖျက်သိမ်းရန် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယာဉ်ပိုင်ရှင်များက လာရောက်အပ်နှံခြင်းမရှိသေးသည့် ယာဉ်များကိုလည်း သံရည်ကျိုအပ်နှံစေ၍ ယာဉ်အို/ဟောင်း အပ် အစားထိုးယာဉ်တင်သွင်းခွင့်ပုံစံ “ဃ” (စလစ်)ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်ဖော်ပြထားသည်။

ယင်းအစီအစဉ်များအား ယခုနှစ် အောက်တိုဘာလ ၁ ရက်မှ စတင်မည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

နောင်တွင်လည်း အစိတ်အပိုင်းမမှန်မကန် Body Cocah (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ချက်ချင်းသံရည်ကျိုအပ်နှံစေပြီး ယာဉ်အို/ယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်သွင်းပုံစံ “ဃ”( စလစ်)ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.