Connect with us

Politics, Law & Military

ဒဂုံတောင်ရှိ Contract Firming များကို စက်မှုဇုန် ပြောင်းရန် စီစဉ်နေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်း ပြည်သူ့  လွှတ်တော်၌ ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အောင်မြင်မှု မရှိသော စက်မှု လယ်ယာ Contract Firming များကို စက်မှုဇုန်အဖြစ် ပြောင်းလဲသွားရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်း ပြည်သူ့ လွှတ်တော်၌ ယနေ့ ပြောကြားခဲ့သည်။

“ဒဂုံမြို့သစ် တောင်ပိုင်းမှာ ဧက ထောင်ချီပြီးတော့ Contract Firming တွေ ခွင့်ပြုထားတာ ရှိခဲ့ပါ တယ်၊ အဲဒီဟာတွေက လက်တွေ့မှာ အောင်မြင်တဲ့ လယ်ယာဇုန်တွေ မဟုတ်ဘူးဆိုပြီး ဒါတွေကို စက်မှုဇုန် ပြောင်းဖို့ စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်၊ Contract Firming တွေကို စက်မှုဇုန် ပြောင်း ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အခုကိုပဲ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဆောက်လုပ် ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ဒဂုံမြို့သစ် တောင်ပိုင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင် မေးမြန်းနေစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် တောင်ပိုင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၏ စက်မှုဇုန်(၁)၊ (၂)နှင့် (၃) နယ်မြေ အတွင်းရှိ စက်မှုလက်မှု လုပ်ငန်းရှင်များအတွက် လိုအပ်လျက်ရှိသော စက်ရုံ အလုပ်ရုံ မြေနေရာ ရရှိရေး ဆိုင်ရာ မေးခွန်းကို ဖြေကြားရာတွင် ပြော ကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စက်မှု လယ်ယာ Contract firming များအား အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများအတွက် မြေကွက်များ သတ်မှတ် ဖော်ထုတ်ပေးနိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ထပ်မံ မေးမြန်းပြီး ပြန်လည် ဖြေကြားသွားမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဦးတီခွန်မြတ်ကလည်း ဒုတိယ ဝန်ကြီးအနေဖြင့် ဒဂုံမြို့သစ် တောင်ပိုင်း စက်မှုဇုန်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ထပ်မံ မေးမြန်းပြီး ပြန်လည် ဖြေကြားပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့သည်။

ဒဂုံတောင် စက်မှုဇုန်တွင် လက်၇ှိ ဆောင်ရွက်နေသော လုပ်ငန်းရှင်ပေါင်း ၂၃၀၀ ခန့်ရှိကြရာ စက်မှု ဇုန် (၁) တွင် ၈၂၀ ဦး၊ ဇုန်(၉၂)တွင် ၃၀၁ ဦး၊ ဇုန် (၃)တွင် ၁၀၀၀ ဦး နှင့် ရွာသာကြီး စက်မှုဇုန်တွင် ၁၇၆၇ ဦးတို့ ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.