Connect with us

Politics, Law & Military

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ Foot Massage, Oil Massage, Body Massage တို့ကိုခွင့်ပြုထားခြင်းမရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကျင်းပနေသည့် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်Foot Massage ,Oil Massage , Body Massage, ဟိုတယ်၊မိုတယ် နှင့် အနှိပ်ခန်းများ ဖွင့်လှစ်ထားခြင်းကို လုပ်ငန်းလိုင်စင်ဖြင့် တရားဝင်ခွင့်ပြုပေးခြင်း မရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ၊ဆဋ္ဌမပုံမှန်အစည်းအဝေး တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း KTV ၊ အနှိပ်ခန်း အစရှိသည်တို့ကို မည်သည့်ဌာန ဆိုင်ရာအဖွဲ့အစည်းများမှ မည်သည့်စည်းကမ်းချက်များဖြင့် ခွင့်ပြုမိန့်လိုင်စင်များ ထုတ်ပေးပါသလဲ၊ ခွင့်ပြုမိန့်လိုင်စင်ထုတ်ပေးရာတွင် ပတ်ဝန်းကျင်နေပြည်သူများ၏ သဘောတူညီကြောင်း လက်မှတ်ရေးထိုးမှုကို ထည့်သွင်းစဉ်စားမှု ရှိ၊မရှိ မေးမြန်းမှုနှင့် ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြန် လည်ဖြေကြားခြင်းဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဦးမြင့်သောင်းက” KTV လုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်း စိစစ်ရေး ကြီးကြပ်မှုကော်မတီကနေပြီးတော့ ခွင့်ပြုပေးလျက် ရှိပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ကတော့ Foot Massage,Oil Massage,Body Massage,Hotel Motelနှင့် တချို့နေရာတွေမှာ အနှိပ်ခန်းတွေ ဖွင့်လှစ်ထားတာကို လုပ်ငန်းလိုင်စင်နဲ့ တရားဝင်ခွင့်ပြုပေးခြင်း မရှိကြောင်းနဲ့ ဆံပင်ညှပ်နှင့်မျက်နှာအလှပြင်ဆိုင်များ၊ ကျန်းမာရေးနဲ့ ခြေထောက်ဆေးစိမ်လုပ်ငန်းများ၊ မျက်မမြင်အကြောပြင်လုပ်ငန်းတွေကိုသာ ခွင့်ပြုပေးလျက် ရှိပါတယ်” ဟုပြန် လည်ဖြေကြားခဲ့သည်။

ဆံပင်ညှပ်နှင့်မျက်နှာအလှပြင်ဆိုင်များ၊ ကျန်းမာရေးနှင့်ခြေထောက်ဆေးစိမ် လုပ်ငန်းများ၊ မျက်မမြင်အကြောပြင်လုပ်ငန်းများကိုသာ ပတ်ဝန်းကျင်မှ ကန့်ကွက်မှု ရှိ၊မရှိ၊ သီးသန့်အခန်းဖွဲ့ ဆောင်ရွက်ခြင်းရှိ၊မရှိ၊ ဆံပင်ညှပ်နှင့် မျက်နှာအလှပြုပြင်သည့် လုပ်ငန်းမှလွဲ၍ ခွဲစိတ်ခြင်း၊ ခန္ဓာကိုယ် အလှပြုပြင်ခြင်း၊ ရေချိုးခန်းဖွင့်ခြင်း၊ နင်းနှိပ်ခြင်းတို့ မပြုလုပ်ကြောင်း ခံဝန်ချက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိ၊ လျှပ်စစ်၊မီးသတ်ဌာန ထောက်ခံချက် ရှိ၊မရှိ၊ စည်ပင်မြေကျူးကျော်ခြင်း ရှိ၊မရှိ စသည့်အချက်များဖြင့် စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း ၎င်းကဆက်လက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ Foot Massage, Oil Massage , Body Massage တို့ခွင့်ပြုထားခြင်းမရှိကြောင်း၊ Hotel , Motel လုပ်ငန်းများအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ခွင့်ပြုထားခြင်းဖြစ်ပြီး အဆိုပါနေရာများတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အနှိပ်ခန်းလုပ်ငန်း လိုင်စင်များ ခွင့်ပြုထားခြင်းမရှိကြောင်း ထို့အပြင် အလှပြင်ဆိုင်ကြော်ငြာများတွင်လည်း မသ့င်လျော်သည့်စာသားများ မပါရှိစေရေးနှင့် ခွင့်ပြုချက်မဲ့ လုပ်ငန်းများ လုပ်ကိုင်မှုမရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.