Politics, Law & Military
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် ကာကွယ်ရေး ဝန်ကြီး Gen Nakatani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဂျပန် ကာကွယ်ရေးဝန်ကြီး Gen Nakatani ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၁၁း၃၀) နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ (Xinhua)