Politics, Law & Military
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်ထွက်ခွာ (၅/၁၁/၂၀၂၄ – MRTV)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြား(၄/၁၁/၂၀၂၄ – MRTV)
-တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို ဖမ်းဆီးရမိ (၄/၁၁/၂၀၂၄ – MRTV)
-လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင် ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး (၄/၁၁/၂၀၂၄ – MRTV)
-ကမ္ဘာ့ဖလား နဂါးလှေလှော် ချန်ပီယံရှစ်ပ် လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ဆု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာ့လှေလှော် အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ (၄/၁၁/၂၀၂၄ – MRTV)
-ယခင်နှစ် ခရီးသွားရာသီတွင် မင်းဘူးမြို့သို့ ခရီးသွားဧည့်သည် ငါးသိန်းကျော် ဝင်ရောက်ခဲ့ (၄/၁၁/၂၀၂၄ – MRTV)
-မုံရွာမြို့နယ်၌ မိုးသီးနှံ မြေပဲ (၁,၄၀၅)ဧက စိုက်ပျိုးပြီးစီး၊ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
(၄/၁၁/၂၀၂၄ – MRTV)
-ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရား တန်ဆောင်တိုင်မီးထွန်းပွဲ၊ မီးပုံးပျံလွှတ်ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပမည် (၅/၁၁/၂၀၂၄ – MRTV )
-ထီးလိုမင်းလို ဂူဘုရားမှ ပုဂံခေတ်ဗိသုကာလက်ရာများကို နိုင်ငံခြားသားခရီးသွားများ အထူးစိတ်ဝင်စား (၅/၁၁/၂၀၂၄ – MRTV )
-အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ တင်သွင်းရောက်ရှိ (၅/၁၁/၂၀၂၄ – MRTV )
-မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၄) ကောက်ယူရေးအတွက် ကြိုတင်ရှင်းလင်းပွဲ” အခမ်းအနားကျင်းပ (၅/၁၁/၂၀၂၄ – MOI )
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက် (၅/၁၁/၂၀၂၄ – MOI )
#LocalNews #ထီးလိုမင်းလို #နဂါးလှေလှော် #ချန်ပီယံရှစ်ပ် #အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန