Politics, Law & Military
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ
ရန်ကုန်၊ မေလ ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွါသူများနေထိုင်သည့် စာသင်ကျောင်းအတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အထက်တန်းကျောင်းဝင်းအတွင်း မေ ၄ရက် နံနက် ၁ နာရီခန့်က ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်၂လုံး ကျရောက်ပေါက်ကွဲပြီး အဆိုပါစာသင်ကျောင်းဝင်းအတွင်း ခိုလှုံနေကြသည့် နေရပ်စွန့်ခွါသူများ ထိခိုက်ခဲ့ဟုဆိုသည်။အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ဦးအပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း ဒဏ်ရာရရှိသူများကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)