Connect with us

Politics, Law & Military

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မြန်မာမီဒီယာများနှင့် တွေ့ဆုံပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး စိတ်ဓာတ်အကြောင်း မိတ်ဆက်ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မြန်မာမီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က မြန်မာမီဒီယာများနှင့် တွေ့ဆုံပြီး တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး စိတ်ဓာတ်အကြောင်း မိတ်ဆက်ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ဩဂုတ်လ ၃၀ ရက်တွင် တတိယသုံးလပတ် တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က တရုတ်-မြန်မာမီဒီယာပေါင်း ၂၀ ကျော်ထံ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး စိတ်ဓာတ်အကြောင်း မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မြန်မာမီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးတွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေးကို တိုးမြှင့်သွားပြီး တရုတ်ပုံစံခေတ်မီမှုကိုဖော်ဆောင်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့်သောတံခါးဖွင့်လှစ်မှုကို မြှင့်တင်မှုကို အတည်ပြုခဲ့ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ်များ ထောက်ပံ့ပေးလိုက်ကြောင်း သံအမတ်ကြီး Ms. Ma Jia က ပြောသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့သည့် “ထောက်ခံအားပေးမှုသုံးချက်နဲ့ ကန့်ကွက်မှုသုံးချက်” ဟူသောသဘောထား ဆက်လက်ကိုင်စွဲ၍ မြန်မာနိုင်ငံက တည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းလက်တွေ့ကျလာစေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးကဆိုသည်။

နှစ်နိုင်ငံမီဒီယာများက တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်ကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်သံယောဇဉ်နှင့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ ကမ္ဘာက ပိုမိုများပြားသည့် “ကမ္ဘာ့တောင်ဘက်ပိုင်းနိုင်ငံများ” ၏အသံကိုကြားစေရန် လုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်-မြန်မာ မီဒီယာကိုယ်စားလှယ်များက တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးစိတ်ဓာတ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏မြန်မာနိုင်ငံခရီးစဉ်၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ နက်နက်ရှိုင်းရှိုင်း ကူးလူးဖလှယ်ခဲ့ကြပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသောအသံများကို ဆက်လက်ဖြန့်ဝေကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ပြန့်ပွားအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး #တရုတ်ကွန်မြူနစ်ပါတီ #MsMaJia #မြန်မာ #တရုတ် #မီဒီယာ