Connect with us

Politics, Law & Military

သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ MoU ပထမအကြိမ် လက်မှတ်ရေးထိုး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ILO နှင့် ပူးပေါင်းဆောင်ရွက်မည့် “သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ ဌာနေအစီအစဉ် (DWCP: _ Decent Work Country Programme) MoU ကို ပထမဆုံး အကြိမ် အဖြစ် ယနေ့နံနက် ရေးထိုးခဲ့သည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သော ထိုအခမ်းအနားသို့ တက်ရောက် လက်မှတ်ရေးထိုး ခဲ့ သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “မြန်မာနိုင်ငံဟာ ILO ရဲ့ DWCP ကို အကောင်အထည်ဖော်ဖို့ သန္နိဌာန်အပြည့်အ၀ ချထားပါတယ်၊ ပထမဦးဆုံးဖြစ်တဲ့ DWCP ကို လူမှုရေးမိတ်ဖက် အဖွဲ့များနဲ့ အတူ စိတ်အား ထက်သန်စွာ အကောင်အထည် ဖော်သွားပါမယ်၊ ဒီအစီအစဉ်မှာ ပါတဲ့ အရေးကြီး ဦးစားပေး လုပ်ဆောင် ရမယ့် အရာတွေကို အောင်မြင်အောင် ဆောင်ရွက်ဖို့၊ ILO ရဲ့ ပံ့ပိုးမှုနဲ့အတူ မျှော်မှန်းထားတဲ့ ပန်းတိုင် များအထိ ရောက်ရှိအောင်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပါတယ်၊ မြန်မာနိုင်ငံဟာ အစိုးရ၊ အလုပ်ရှင် နဲ့ အလုပ်သမားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့ အသင့် ဖြစ်နေပါပြီ” ဟု ပြောကြားခဲ့သည်။

ILO Deputy Director General Mr. Greg Vines အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

DWCP ကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ မူဝါဒများနှင့် အနီးစပ်ဆုံး ချိန်ညှိရေးဆွဲထားပြီး ကုလသမဂ္ဂ၏ ရေရှည် ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) နှင့် ချိတ်ဆက်ထားသဖြင့်် လူငယ်နှင့် အရွယ် ရောက်သူများအတွက် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးများ စဉ်ဆက် မပြတ် တိုးတက်စေခြင်းအားဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ၊ လူမှု ကာကွယ် စောင့်ရှောက်မှုများ တိုးတက်ရရှိကာ လုပ်ငန်းခွင် အခြေခံ စည်းမျဉ်းများနှင့် အခွင့်အရေးများလိုက်နာ ကျင့်သုံးမှု အားကောင်းလာရာမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး တို့ကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Decent Work Country Programme (DWCP) မှ Mr. Rory Mungoven အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အဆိုပါ DWCP (2018 – 2021) ကို ၂၀၁၈ ဇန်နဝါရီ ၁၆ တွင် ပြုလုပ်ခဲ့သည့် (၉)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်က အတည်ပြုခဲ့ပြီး ဦးစားပေးဆောင်ရွက်ရန် နယ်ပယ် သုံးခု ရရှိခဲ့ရာ — (က) ပဋိပက္ခ ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားခဲ့သော နေရာများနှင့် ဘေးအန္တရာယ် သင့်ခဲ့သော ဒေသများရှိ ထိရှလွယ်သော ပြည်သူများ အပါအဝင် လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် နှင့် စဉ်ဆက် မပြတ် စွန့် ဦးတီထွင် စီးပွားရေး လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေး၊ (ခ) ပိုမိုကောင်းမွန်သော လုပ်သား ဈေးကွက် စီမံ အုပ်ချုပ်မှုနှင့် လုပ်ငန်းခွင် အခြေခံ စည်းမျဉ်းများ၊ အခွင့်အရေးများကို လိုက်နာကျင်းသုံးမှုများ အားကောင်းလာစေရေး၊ (ဂ) အားလုံးအတွက် အထုူးသဖြင့် ထိရှလွယ်သော ပြည်သူများအတွက် လူမှု ကာကွယ် စောင့်ရှောက် မှုများ လွှမ်းခြုံ တိုးချဲ့နိုင်စေရေး တို့ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

EU Ambassador Mr. Kristian Schmidt အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန်းလွင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဟန် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

DWCP ဆိုင်ရာ MoU လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

DWCP Signing အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

MoU ရေးထိုးရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg vines တို့နှင့်အတူ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တို့မှ ကိုယ်စားလှယ် များလည်း ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.