Connect with us

Politics, Law & Military

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCAလက်မှတ်ရေးထိုးထားသော ၈ဖွဲ့ နေပြည်တော်၌ ရက်ပိုင်းအတွင်း တွေ့ဆုံမည်

၂၁ရာစု ပင်လုံညီလာခံ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့ နေပြည်တော်တွင် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ အဖွဲ့၈ဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးအကြံပြုရန် တွေ့ဆုံလိုကြောင်း၊ ယင်းအဖွဲ့နှင့် လာမည့်အပတ်အတွင်း တွေ့ဆုံရန် နိုင်ငံတော် အတိုင်ပင်ခံဘက်မှ အကြောင်းပြန်ထားကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တေ့ွဆုံဆွေးနွေးရန်အတွက် အပစ်ရပ်အဖွဲ့ ၈ ဖဲ့ွဘက်က ကိုယ်စားလှယ် ၅ ဦးပါသော ကော်မတီဖဲ့ွစည်းထားပြီး တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU )ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ALP အဖွဲ့မှ ဦးခိုင်စိုးနိုင်အောင်၊ ABSDF အဖွဲ့မှ ဦးသံခဲ၊ RCSS အဖွဲ့က ဦးခွန်ဆိုင်း၊ PNLO အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့ပါဝင်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.