Politics, Law & Military
SME လုပ်ငန်းရှင် သုံးရာဦးအား ကျပ် ၆၂ ဘီလျံခွဲကျော် ထုတ်ချေးပြီးဟု ဆို
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ယနေ့အထိ အသေးစား အလတ်စား လုပ်ငန်း ၃၀၀ တို့ကို SME two – step loan စနစ်ဖြင့် ကျပ်ငွေ ၆၂ ဘီလျံခွဲကျော် ထုတ်ချေး ပေးပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
“စီမံကိန်း အဆင့် (၁)မှာချေးငွေ ထုတ်ချေးရာမှာ တိုင်းဒေသကြီး ပြည်နယ်အလိုက် ထုတ်ချေးထားမှု အခြေအနေမှာ ကချင်ပြည်နယ်မှာ တစ်ဦး၊ ကချင်ပြည်နယ်မှာ တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ခုနစဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှာ ၂၇ ဦး၊ မကွေးတိုင်းဒေသကြီးမှာ ၁၀ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၅၃ ဦး၊ မွန်ပြည်နယ်မှာနှစ်ဦး၊ ရခိုင်ပြည်နယ်မှာ လေးဦး၊ ရန်ကုန် တိုင်း ဒေသကြီးမှာ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှာ ၁၇ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၄၃ ဦး— ယနေ့ အထိ စုစုပေါင်း လုပ်ငန်းရှင် ၃၀၀ ဦးကို ကျပ် ၆၂ ဒသမ ၅၆၆ ဘီလျံ ထုတ်ချေး ထားပြီး ဖြစ်ပါတယ်”
အဆိုပါ လုပ်ငန်းရှင် သုံးရာဦးတို့တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်း ၁၉၉ ဦး၊ လုပ်သားအခြေပြု လုပ်ငန်း သုံးဦး၊ လက်ကားရောင်းဝယ်ရေး လုပ်ငန်း ၁၄ ဦး၊ ဝန်ဆောင်မှု လုပ်ငန်း ၆၆ဦး နှင့် အခြား လုပ်ငန်း ခုနစ်ဦးတို့ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)