Connect with us

Science & Technology

ရေသန့်လိုင်စင် လျှောက်ထားမှုတွင် ပိုးတွေ့ရှိ၍ ထုတ်လုပ်ခွင့်မကျသည့် လုပ်ငန်းတချို့ရှိ

၂၀ လီတာ ရေသန့်ဘူးများအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ရေသန့်လုပ်ငန်း ထုတ်လုပ်ခွင့် လိုင်စင် လျှောက်ထားမှုတွင် ပိုးတွေ့ရှိ မှုကြောင့် ထုတ်လုပ်ခွင့် မကျသည့် လုပ်ငန်းပေါင်း ၄ဝ ခန့်ရှိပြီး ယင်းတို့ အထဲတွင် လုပ်ငန်းကြီး များလည်း ပါဝင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေသန့်လုပ်ငန်း ထုတ်လုပ်ခွင့် လိုင်စင် လျှောက်ထားရာတွင် ထုတ်လုပ်မည့် ပစ္စည်း နမူနာများကို FDA သို့ ပေးပို့စစ်ဆေး ရပြီး အဆိုပါ စစ်ဆေးမှုတွင် သုံးကြိမ်တိုင် ပိုးတွေ့ရှိ ထားသည့် လုပ်ငန်းများကို ထုတ်လုပ်ခွင့် မပြုကြောင်း သိရသည်။ မကြာသေးမီက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မှတ်ပုံတင် ထားခြင်း မရှိသော စံချိန်စံညွှန်း မညီသည့် ရေသန့်လုပ်ငန်း ၁၃ ခုကို လုပ်ငန်းပိတ်သိမ်း ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရေသန့် လုပ်ငန်းများ စံချိန်စံညွှန်းနှင့် အညီ ထုတ်လုပ်မှု ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးလျက် ရှိပြီး တချို့သော ရေသန့်များမှာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ အရည်အသွေး စိစစ်ထောက်ခံ ထားသည့် ရေသန့်များ မဟုတ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံး ၌ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် အတွက် စိစစ် ထောက်ခံထားသည့် သက်တမ်းရှိ ရေသန့် လုပ်ငန်းပေါင်း ၃၄၄ ခုရှိပြီး ထောက်ခံချက် မရှိဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းများကို စိစစ်တွေ့ရှိ ပါက အမျိုးသား အစားအသောက် ဥပဒေအရ အရေးယူလျက် ရှိကြောင်း FDA ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.