Science & Technology
ဖိလစ်ပိုင် နိုင်ငံရှိ Stolt Tanker သင်္ဘောလိုင်းမှ ပြည်တွင်းရှိ Tanker သင်္ဘောများ၌ သင်္ဘောသား များအား အလုပ်ခေါ်ယူမည်
																								
												
												
											ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့အကြီးဆုံး ဓာတုကုန်တင်သင်္ဘော လိုင်းဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံမှ Stolt Tanker သင်္ဘောလိုင်းမှ ဇွန်လတတိယ ပတ်မှစ၍ မြန်မာနိုင်ငံ အတွင်းရှိ Tanker သင်္ဘောများပေါ်၌ အတွေ့အကြုံရှိ သင်္ဘောသားများအား ခေါ်ယူသွားမည် ဖြစ်ကြောင်း Myanmar Auora ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းသင်္ဘောလိုင်း အနေဖြင့် မြန်မာသင်္ဘောသား များအား အလုပ်ခေါ်ယူရာတွင် နိုင်ငံတကာ စံနှုန်းအတိုင်း လစာများပေးပြီး ခေါ်ယူမည်ဖြစ်ကာ ကုန်းပတ်ပိုင်းနှင့် အင်ဂျင် ပိုင်း နှစ်မျိုးစလုံး အတွက် ခေါ်ယူသွားမည်ဖြစ်ကာ ယင်းသင်္ဘောလိုင်းမှ မြန်မာ သင်္ဘောသားများအား ကာလရှည် အနေဖြင့် အလုပ် ခေါ်ယူသွားမည် ဖြစ်သည်။
ထို့ပြင် Stolt Tanker သင်္ဘောလိုင်း၌ လုပ်ကိုင်မည့် ပြည်တွင်းရှိ သင်္ဘောသားများ အနေဖြင့် Tanker သင်တန်း၏ အောင်လက်မှတ် ရရှိထားရမည် ဖြစ်သည်။ ယင်းသင်္ဘောလိုင်းသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ မှာယူသည့် ဓာတုကုန်ပစ္စည်း များကို ပို့ဆောင်မှုပြုလုပ် ပေးနေကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)
