Social
နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲ ကျင်းပမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)
ယခုနှစ် နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို အောက်တိုဘာ ၁၅ ရက်တွင် အစဉ်အလာ မပျက် ရန်ကုန်မြို့၌ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်း အမှတ် လမ်းလျှောက်ပွဲတွင် ကရုဏာထား မေတ္တာ တရားဖြင့် အဝတ်အထည်၊ အစားအသောက်၊ ငွေကြေးများ လှူဒါန်း လိုပါက ဒေါ်နီနီအေး၊ ဌာနမှူး၊ ဘတ်ဂျက် နှင့် ငွေစာရင်းဌာန (ဝ၁-၂၅၁၄၁၇)၊ ဦးလှကြိုင်၊ ဒုတိယဌာနမှူး၊ စီမံရေးရာ ဌာန(ဝ၁-၂၅၁၉၈၉)နှင့် ဦးစစ်မင်းဟန်၊ လက်ထောက်ဌာနမှူး၊ စီမံရေးရာဌာန (ဝ၁-၂၅၂၁ဝ၄)တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ နှိုးဆော်ထားကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် သည် နိုင်ငံတကာ မျက်မမြင်လမ်းလျှောက် တုတ်နေ့ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နှင့် ဒေသအသီးသီးမှ မျက်မမြင်ကျောင်းများ၊ အလုပ်ရုံများမှ မျက်မမြင်များအား ဖိတ် ကြား၍ နိုင်ငံတကာမျက်မမြင် လမ်း လျှောက်တုတ်နေ့ အထိမ်းအမှတ်လမ်း လျှောက်ပွဲကို ၁၉၉၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပ၍ အလှူရှင်များက လှူဒါန်း သည့် အလှူငွေနှင့်ပစ္စည်းများကို မျှဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။(Xinhua)