Connect with us

Social

ရန်ကုန်မြို့ရှိ ဘတ်စ်ကား မှတ်တိုင် ၂၅ဝ ခန့်ကို နိုင်ငံတကာအဆင့်မီ မှတ်တိုင်များအဖြစ် ပြောင်းလဲမည်

ဘတ်စ်ကားမှတ်တိုင်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့အတွင်း အဓိကလမ်းကြောင်းများအတွင်းရှိ ဘတ်စ်ကား မှတ်တိုင်ပေါင်း ၂၅ဝ ခန့်ကို နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်များအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ဘတ်စ်ကားမှတ်တိုင်များ ခေတ်နှင့်လျော်ညီသော ဘတ်စ်ကား မှတ်တိုင်များ ဖြစ်စေ ရန် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအတွက်လည်း တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် သန့်ရှင်း လှပသည့်မြို့ကို အလှဆင်နိုင်သည့် မှတ်တိုင်များဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် မှတ်တိုင်များသန့်ရှင်းမှု ရှိစေရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။

နောက်ပိုင်းတွင် မြို့ပြင်ရှိ ဘတ်စ်ကား မှတ်တိုင်များကိုလည်း အများပြည်သူ အဆင်ပြေစေမည့် မှတ်တိုင် များ ဖြစ်လာစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ယခုပြေးဆွဲနေသော အများပိုင် ယာဉ်လိုင်းစနစ်အတွင်း ပါဝင်သည့် ခရီးသည်တင်ယာဉ်များကို မှတ်တိုင် များတွင် သတ်မှတ်ချိန်အတွင်း ရပ်နိုင်ရန်လည်း ဆောင်ရွက်မည်ဖြစ်ပြီး ခရီးသည်တင်ယာဉ်များ၏ စတင် ထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်များကိုလည်း အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.