Connect with us

Social

လင်းပိုင်ကြည့် ခရီးစဉ်အား ရွာနှစ်ရွာတွင်တိုးချဲ့သွားမည်

ဧရာဝတီလင်းပိုင်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အတွက် ရည်ရွယ်ထားသည့် ဧရာဝတီ လင်းပိုင် အခြေပြုခရီးသွား လုပ်ငန်းကို တိုးချဲ့သည့် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝက်လက်မြို့နယ်မှ အိုးလုပ်ငန်း လုပ်ကိုင်သည့် ရှိန်းမကားရွာသစ် နှင့် လင်းပိုင်များ စုဝေးတတ်သည့် အင်ဒေါင်ကျေးရွာ တို့ကို လာမည့်ခရီးသွား ရာသီတွင် လင်းပိုင်ကြည့် ခရီးစဉ်အဖြစ် တိုးချဲ့သွားမည် ဖြစ်ကြောင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် တိုးချဲ့လိုက်သည့် ကျေးရွာနှစ်ရွာ အပါအဝင် ဧရာဝတီလင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်း၌ ပါဝင်သည့် ကျေးရွာပေါင်း ရှစ်ရွာခန့် ရှိလာပြီဖြစ်ပြီး တိုးချဲ့ထားသည့် ကျေးရွာနှစ်ရွာ၌ ကျေးရွာ သန့်ရှင်းရေး လုပ်ငန်းများကို စတင် လုပ်ဆောင်နေကာ မကြာမီ ကာလအတွင်း ကျေးရွာနေ ပြည်သူများ ပါဝင်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အဆင့်မြှင့်တင် မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်းကို ၂ဝ၁၃ ခုနှစ်မှ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ လင်းပိုင် ခရီးစဉ်ကို လေ့လာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များကို လိုက်ပါပို့ဆောင် ရသည့် ခရီးစဉ်မှာ တစ်နှစ်လျှင် ၁ဝ ကြိမ်သာ ရှိကြောင်း လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.