Social
ခရီးသည်များစုပုံနေသည့် နေရာများအတွက် ညဘက် သီးသန့်ယာဉ်များပြေးဆွဲရန် စီစဉ်နေဟု ဝန်ကြီးချုပ်ဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြောင်းလဲပြေးဆွဲခဲ့သော YBSစနစ် ယာဉ်များ မလုံလောက်သည့်အတွက် ညဘက် သီးသန့်ယာဉ်များ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဇန်နဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့သော ရန်ကုန်မြို့တော် ခုံးကျော်တံတားများတွင် အများပြည်သူ အသုံးပြုရန်နေရာ ဖန်တီးမှု အဆိုပြုပုံစံများ ပြပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်းပြောကြားသည်။
YBSစနစ်ဖြင့် ယာဉ်များပြေးဆွဲပြီးနောက်ပိုင်း ညဘက်များ၌ ကားလုံလောက်မှုမရှိသဖြင့် ခရီးသည်များစွာ အခက်အခဲဖြစ်နေမှုအတွက် ညပိုင်းအတွက် ကားများ လုံလုံလောက်လောက်ထွက်ပေးနိုင်ရန် စီစဉ်နေပြီး ယာဉ်များ လိုအပ်သော နေရာများသို့ လိုအပ်သည့် အရေအတွက်များအတိုင်း ချပေးမည်ဖြစ်ကြောင်း၊ ယင်း ညပိုင်း သီးသန့်ကားများကို နေရာတိုင်း ပြေးဆွဲမည်မဟုတ်ဘဲ ခရီးသည်များပြားသော နေရာများတွင်သာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။(Xinhua)