Connect with us

Social

ချင်းပြည်နယ် ရှိ လေသာတောင် သဘာဝနယ်မြေ သတ်မှတ်မည်

လေသာတောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းရှိ လေသာတောင် ခေါ်ကနေဒီ တောင်တန်း ဒေသကို သဘာဝနယ်မြေ အဖြစ် သတ်မှတ် အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်ရန် ချင်းပြည်နယ် ၌ သစ်တောများ ပြန်လည် တည်ထောင်ခြင်း ဆိုင်ရာ ၁ဝ နှစ် စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲ ထားကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ထိုသို့ တင်ပြ ဆောင်ရွက်နိုင်ရေး အတွက် ကြိုးဝိုင်းတော ဖွဲ့စည်းရန် အဆိုပြု တင်ပြခြင်း၊ ရည်ရွယ်ချက် အကြောင်း အမိန့်ကြေညာ စာထုတ်ခြင်း၊ ကြေးတိုင် အရာရှိ ခန့်အပ်ခြင်း၊ သစ်တောကြေးတိုင် အရာရှိက ကြေးတိုင် လုပ်ငန်း ဆောင်ရွက်ခြင်း နှင့် ကြိုးဝိုင်းတော အပြီးသတ် နယ်နိမိတ် ပြုလုပ်ခြင်း စသည့် အချက်များ လိုအပ်ကြောင်း သိရသည်။

အထူးသဖြင့် လုံးဝကာကွယ် တားမြစ်ထားသော တောင်ဆိတ်၊ စပါးကြီးမြွေ နှင့် ဒေသမျိုးများ ဖြစ်သော တောင်ဇလပ်ပန်း မျိုးများ ထိန်းသိမ်း ကာကွယ်ရန် အဆိုပါတောင်ကို သဘာဝနယ်မြေ အမျိုးအစား တစ်ခုအဖြစ် သတ်မှတ်နိုင်ရေး အတွက် ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ လေသာတောင် ခေါ် ကနေဒီတောင်တန်း ဒေသ၏ ဧရိယာအကျယ် အဝန်းမှာ ၂၄၉၈၅၆ ဧကရှိပြီး ချေ၊ တောဝက်၊ တောင်ဆိတ်၊ ဖြူ၊ တောခွေး၊ ခွေးတူ ဝက်တူ၊ ရစ်၊ ခါ၊ တောကြက်၊ ဒေသငှက် အမျိုးမျိုး၊ စပါးကြီးမြွေမ၊ မြွေစိမ်းနှင့် လည်ပင်းနီမြွေ စသည့် တောရိုင်း တိရစ္ဆာ န်များ ကျက်စားရာ ဒေသ ဖြစ်သည်။ ထို့ပြင် သစ်အယ်၊ စကပ်၊ စကားဝါ၊ မိုင်းဘာ၊ ယမနေ၊ ဘုံမဲဇာ၊ သစ်ပကန်၊ ကတွတ်နှင့် တောသဖန်း စသည့် သဘာဝအပင်များ ပေါက်ရောက်ရာ ဒေသလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.