Connect with us

Social

ပြည်ပမှ မော်တော်ယာဉ် တင်သွင်း ဝယ်ယူသူများအား ယာဉ်မှတ်ပုံတင်ခြင်း ဆိုင်ရာ အသိပေး နှိုးဆော်

ရန်ကုန် မြို့ တွင်းသွားလာနေသည့် မော်တော်ယာဉ်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ပြည်ပမှ တင်သွင်း ဝယ်ယူလာသော မော်တော်ယာဉ်များ သွင်းကုန် လိုင်စင် ၊ သွင်းကုန် ကြေညာလွှာ ၊ အကောက်ခွန် ဖော်ပြချက်များနှင့် မတူညီပဲ ဘောင် အမှတ်/ကိုယ်ထည် အမှတ် ဖောက်ထည့်ထားခြင်းနှင့် မှုလ စက်ရုံထုတ် ပုံစံ မဟုတ်ဘဲ ဘောင်အမှတ်/ ကိုယ်ထည် အမှတ် ပြန်ရိုက်ထားသည့် မော်တော်ယာဉ်များကို မတ်လ ၁ ရက်မှ စ၍ ယာဉ်မှတ်ပုံတင်ခြင်းအား ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ် တင်သွင်းခြင်း နှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၁၆)မှ ထိုပြင်ဆင်ထားသည့် ယာဉ်များအား ဒဏ်ကြေး ကောက်ခံပြီး မှတ်ပုံတင် ခွင့်ပြု ပေးခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်ထိသာ ဆောင်ရွက်ပေးပြီး မတ်လ ၁ ရက်မှ စ၍ ယာဉ်မှတ်ပုံတင်ခြင်းအား ခွင့်ပြုတော့မည် မဟုတ်ကြောင်း အများပြည်သူများ သိရှိနိုင်စေရန် သတင်း ထုတ်ပြန် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို ကနဦး ယာဉ်စစ်ဆေးရာ၌ သွင်းကုန် လိုင်စင် ၊ သွင်းကုန် ကြေညာလွှာ ၊ အကောက်ခွန် ဖော်ပြချက်များ နှင့် ထုတ်လုပ်သည့် ခုနှစ်ပုံစံ(Model Year)များ ကွဲလွဲခြင်း ၊ ဘောင်အမှတ်/ကိုယ်ထည် အမှတ်(Chassis Number) ပါသော နေရာအား ဖြတ်၍ ဖောက်ထည့်ခြင်း ၊ မူလ စက်ရုံထုတ် ပေါင်အမှတ်/ကိုယ်ထည် အမှတ် ပုံစံမျိုး မဟုတ်ဘဲ ပြန်ရိုက်ထားသည့် ပုံစံများဖြင့် ပြုလုပ်ထားသည့် မော်တော်ယာဉ်များကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုတွေ့ရှိချက်များ အရ မော်တော်ယာဉ် ဝယ်ယူ သုံးစွဲသူများ နစ်နာမှု မရှိစေရေး အတွက် မော်တော်ယာဉ် တင်သွင်းခြင်း နှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီသို့တင်ပြ၍ ခွင့်ပြုချက် ရယူပြီး သတ်မှတ် ဒဏ်ကြေးငွေများ ကောက်ခံ၍ ယာဉ်မှတ်ပုံတင်ခြင်းအား ဆောင်ရွက်ပေးခဲ့သော်လည်း မမှန်မကန် ဆောင်ရွက်သည့် ယာဉ်များမှာ လျော့နည်းလာခြင်း မရှိသည့် အတွက် ယခုကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.