Connect with us

Social

မြန်မာနိုင်ငံ၌ ဒေါင်းကောင်ရေ လျော့ကျမှုဖြစ်ပေါ်

ဒေါင်းတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဒေါင်းကောင်ရေ လျော့ကျမှုများ ဖြစ်ပေါ်နေ ကြောင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ သမဂ္ဂက သတင်းထုတ်ပြန် ချက်အရသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဒေါင်းများကို ဦးစားပေး ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်လျက် ရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ သမဂ္ဂ၏ မျိုးသုဉ်း ပျောက်ကွယ် နိုင်သော တောရိုင်း တိရစ္ဆာန်များ စာရင်းတွင် ဒေါင်းများမှာ အနီရောင် အဆင့် သတ်မှတ်ထား သည့် အခြေအနေမျိုး ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာပေါ်၌ ဒေါင်း အကောင်ရေ အများဆုံး ကျန်ရှိနေသည့် ဒေသများမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနိုင်ငံ တောင်ပိုင်း ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း နှင့် အိန္ဒိယနိုင်ငံ တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာသမဂ္ဂ က ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒေါင်းများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများဖြင့် ကာကွယ် စောင့်ရှောက်လျက် ရှိသည် ဟု သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.