Connect with us

Social

ယူနက်စကိုက လာရောက် စစ်ဆေးထားသော ငလျင်ဒဏ်ခံရသည့် ဘုရားစေတီ ပုထိုးများနှင့် ပတ်သက်သည့် အစီရင်ခံစာမှာ မကြာမီ ထွက်ရှိမည်

ပုဂံဒေသအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ယူနက်စကိုက လာရောက် စစ်ဆေးထားသော ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိ ဘုရားစေတီ ပုထိုးများနှင့် ပတ်သက်သည့် အစီရင်ခံစာမှာ မကြာမီ ထွက်ရှိမည် ဖြစ်ကြောင်း ယူနက်စကို ၏ ယဉ်ကျေးမှုဌာန အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး ထံမှ သိရသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး သွားသော ဘုရားစေတီ ပုထိုးများကို ယူနက်စကိုမှ ပညာရှင် များနှင့် တရုတ်နိုင်ငံမှ ပညာရှင်များက လာရောက် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး ရှင်းလင်းရေး လုပ်ငန်းများ ရပ်နားထားကာ အရေးပေါ် ပြုပြင်ရေး လုပ်ငန်းများ ပြုလုပ်နေပြီ ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီ ပုထိုးများကို ရှင်းလင်းရေး လုပ်ဆောင်မှုများ ပြီးစီး၍ အရေးပေါ် ပြုပြင်ရေး လုပ်ငန်းများ စတင်ပြုလုပ် နေပြီ ဖြစ်ကြောင်း၊ ပျက်စီးခဲ့သော ဘုရားစေတီ ပုထိုးများကို အကြီးစား ပြုပြင်မှုများ မပြုလုပ်မီ အရေးပေါ် ပြုပြင်မှုများ လုပ်ဆောင် နေခြင်းဖြစ် ကြောင်း ပုဂံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

စက်တင်ဘာ ၂၁ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းမှ ဘုရားစေတီ ပုထိုး ၁၃ ဆူ ထပ်မံပြိုကျ ပျက်စီးခဲ့ရာ စုစုပေါင်း ဘုရားစေတီပုထိုး ပျက်စီးမှုသည် ၄၃၈ ဆူအထိ ရှိလာခဲ့ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သော သဗ္ဗညုစေတီ အထက်ပစ္စယာ ထိခိုက်မှုများပြား သောကြောင့် အရေးပေါ် ပြုပြင်မှုများ ပြုလုပ်မည် ဖြစ်သဖြင့် အဆိုပါစေတီ ပရိဝုဏ်အနီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာခွင့်ကို တားမြစ်သွားရန် ဆောင်ရွက် နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.