Connect with us

Social

ရေထွက်ကုန်ပစ္စည်းများတင်ဆောင်သော ကုန်တင်ယာဉ်များကို နေ့ပိုင်းပြေးဆွဲခွင့်ပြု

ရန်ကုန်မြို့တွင်း ကုန်တင်ယာဉ်ပြေးဆွဲနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များကို ညပိုင်းသာ ပြေးဆွဲခွင့်ပြုခဲ့ပြီးနောက်ပိုင်း ပြည်ပသို့ တင်ပို့နေသော ရေထွက်ကုန်ပစ္စည်းများ အခက်အခဲဖြစ်ပေါ်နေသဖြင့် ယင်းကုန်တင်ယာဉ်များကို နေ့ပိုင်းမြို့တွင်း ပြေးဆွဲခွင့်ပြုထားကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများ နှင့်ပို့ကုန် လုပ်ငန်းရှင် များအသင်းထံမှ သိရသည်။

အဆိုပါ ရေထွက်ကုန်များ အချိန်မှီတင်ပို့နိုင်ရေးအတွက် ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အခက်အခဲများ တင်ပြရာ၌ ယခုလ ၁၉ရက်နေ့ကစပြီး နေ့ပိုင်းဖြတ်သန်းခွင့် ပြန်လည်ပြုလိုက်ခြင်းဖြစ်သည်။

ကုန်တင်ယာဉ်များကို မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် နေ့ပိုင်း မြို့တွင်းဖြတ်သန်းခွင့်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ပြီး ပိတ်ပင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.