Social
အစိုးရသစ်အနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ကြိုးပန်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်မှပြောကြား
ရန်ကုန်၊ မေ၁ရက် (ဆင်ဟွာ)
အစိုးရသစ်အနေဖြင့် အလုပ်သမားကြီးများနဲ့ လက်တွဲပြီး လူမှုရေးတရားမျှတမှုအပေါ်အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှု နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ယနေ့အလုပ်သမားနေ့တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်၏ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင်ပါရှိသည်။
လက်ရှိတွင် အလုပ်သမားကြီးများအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနဲ့ လုပ်ငန်းခွင်မတော် တဆထိခိုက်မှု၊ လုပ်ငန်းခွင်ရောဂါ ရရှိခံစားရမှု လျော့နည်း ကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပမှာ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိစေရေးနဲ့ လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွား လာမှုဖြစ်ပေါ်စေရေး၊ လုပ်သားထုယှဉ်ပြိုင် နိုင်စွမ်း မြှင့်တင်ပေးဖို့အတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး၊ အာမခံအလုပ်သမားများအတွက် လူမှုအကာအကွယ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ သုံးပွင့်ဆိုင်စနစ်နဲ့ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ် ပေးရေးတို့အတွက် ဥပဒေများပြဋ္ဌာန်း ပြီး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခဲ့ရာ ယနေ့အချိန်ထိ အခြေခံအဆင့် အလုပ်သမားအဖွဲ့ အစည်းပေါင်း ၁၉၁၇ ဖွဲ့၊ မြို့နယ်အဆင့် ၁ဝ၅ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ၁၄ ဖွဲ့၊ အဖွဲ့ချုပ် ၇ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အလား တူပင် အလုပ်ရှင် အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုခဲ့ ယနေ့အထိ အခြေခံအဆင့် အလုပ်ရှင် အဖွဲ့၂၈ဖွဲ့၊ မြို့နယ်အဆင့် တစ်ဖွဲ့နဲ့ အဖွဲ့ချုပ်တစ်ဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သဝဏ်လွှာတွင်ပါရှိသည်။ (Xinhua)