Connect with us

Social

ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်တွင် မြန်မာ နိုင်ငံအမည်ကို ရေးထိုးနိုင်ခဲ့သော မြန်မာတောင်တက်သမား နှစ်ဦးသည် Base Camp သို့ အောင်မြင်စွာရောက်ရှိ

ဧဝရတ်တောင်ထိပ်တွင် မြန်မာအလံ ကိုင်ဆောင်ထားမှုအားတွေ့ရစဉ် (M.O.I)

ရန်ကုန်၊ မေ၂၂ရက် (ဆင်ဟွာ)

ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်တွင် မြန်မာ နိုင်ငံအလံနှင့် ထူးဖောင်ဒေးရှင်းအလံတို့ကိုလွှင့်ထူကာ မြန်မာ နိုင်ငံအမည်ကို ရေးထိုးနိုင်ခဲ့သော မြန်မာတောင်တက်သမား နှစ်ဦးသည် Base Camp သို့ အောင်မြင်စွာ ရောက်ရှိခဲ့ ရာ တောင်တက်ခရီး အတွက် ရာနှုန်းပြည့်အောင်မြင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှသိရသည်။

မြန်မာလူငယ်တောင်တက်သမား ကိုပြည့်ဖြိုးအောင်သည် မေလ ၂၁ရက် နံနက်ဒေသ စံတော်ချိန် ၁၁ နာရီ မိနစ် ၂ဝ တွင် တောင် ခြေစခန်း(Base Camp) သို့ရောက်ရှိသည်။ ထပ်မံ၍ ရှေ့နောက် လိုက်လာသော တောင်တက်သမား ကိုဝင်းကိုကိုသည် ဒေသစံ တော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် လုံခြုံဘေးကင်းစွာဖြင့်Base Camp သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ရောက်ရှိ လာသော မြန်မာတောင်တက်သမားနှစ်ဦးစလုံး သည် ကျန်းမာရေးကောင်းမွန်စွာရှိကြောင်း ဧဝရက်တောင် ခြေစခန်းမှသိရသည်။
Camp 2 မှ Base Camp သို့ ဆက်လက် ဆင်းသက် ခဲ့ရာ တွင် တောင်ပေါ် ရာသီဥတု၏ ဆီးနှင်းများပိတ်မှောင်နေခြင်း၊ တစ်ဦးနှင့်တစ်ဦး ရှေ့နောက် မမြင်ရခြင်းတို့ ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရကြောင်း၊ နိုင်ငံခြားသား တောင်တက် သမားများ အတက် ဘက်တွင် များပြားနေခြင်းဖြစ်၍ အချိန်ပေးစောင့်ဆိုင်းကာ ဆင်းခဲ့ရကြောင်း၊ ထို့ပြင် မမျှော်မှန်းနိုင်သော တောင်ပေါ်ရာသီ ဥတု သဘာဝဘေးကို အမြဲသတိချပ်၍ ဆင်းခဲ့ရကြောင်း သိရသည်။
မေလ ၂၁ရက်နေ့တွင် တောင်တက် စခန်း၏ သတင်းပေးပို့မှုအရ Camp3 နှင့် Camp 4 ကြားတွင် တောင်တက် သမားများ များပြားကာ ပိတ် မိနေကြကြောင်း သိရသည်။
နီပေါအစိုးရ၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ တောင်တက်သမား ၃ဝဝဝ ကျော်ခန့်ဧဝရက်တောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ ပြီးဖြစ်ကြောင်းနှင့် လက်ရှိကာလတွင် နိုင်ငံတကာ တောင်တက် သမား ၁၅ဝ ခန့့် တက်ရောက်နေကြကြောင်း ဧဝရက်တောင် စခန်း (မြန်မာ) မှသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.