Sport
မြန်မာအမျိုးသမီးအသင်း ပွဲဦးထွက်ရှုံးနိမ့်

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)
ဗီယက်နမ်တွင် ကျင်းပလျက် ရှိသည့် အာဆီယံ အမျိုးသမီး ချန်ပီယံ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်များအား ယနေ့ ညနေပိုင်းတွင် ကျင်းပရာ မြန်မာအမျိုးသမီး အသင်းမှာ အိမ်ရှင် ဗီယက်နမ် အသင်းအား သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအမျိုးသမီး အသင်းမှာ ပွဲအစပိုင်းတွင် ဗီယက်နမ် အသင်းအား ကောင်းစွာ တုန့်ပြန်ကစား နိုင်ခဲ့ပါသည်။ ပထမပိုင်းအပြီးတွင် နှစ်ဂိုးစီ သရေကျခဲ့ပြီး၊ ဒုတိယပိုင်းတွင် မြန်မာအသင်း ဂိုးထပ်မံ ရရှိရန် ကြိုးစား ခဲ့သော်လည်း ဂိုးထပ်မရပဲ ၈၄ မိနစ်တွင် ဗီယက်နမ် အသင်းမှ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါသည်။
အုပ်စု (ခ) အခြားပွဲစဉ်များတွင် ဖိလစ်ပိုင် အသင်းမှ မလေးရှားအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။ (Xinhua)