Connect with us

Sport

လေးနိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲဝင်ရန် မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း တရုတ် နိုင်ငံသို့ ထွက်ခွာ

မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်ရှူးမြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် နိုင်ငံကိုယ်စားပြု လက်ရွေးစင် အသင်းများ ၏ လေးနိုင်ငံဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဖူဆယ် နှင့် သဲသောင်ပြင် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောသည်။

‘ကျွန်တော်တို့ အခုသွား ရောက် ယှဉ်ပြိုင်မယ့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲက ပြိုင်ဘက် အသင်းတွေဟာ ကမ္ဘာ့အဆင့် ရှိတဲ့ လက်ရွေးစင်အသင်းတွေ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ အားလုံးထဲမှာ တရုတ်နိုင်ငံ အနေနဲ့ ကျွန်တော်တို့ အသင်းကို ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့တာဖြစ်တယ်။

ဒီပြိုင်ပွဲက ကမ္ဘာ့ အဆင့်ရှိ အရည်အသွေးမြင့် ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အတွေ့အကြုံ ကောင်းတွေ ရရှိမှာအမှန်ပဲ။ ဒီအတွေ့အကြုံကောင်းတွေက မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာဖိတ်ခေါ် AFF ဖူဆယ်ပြိုင်ပွဲတွေမှာ အကောင်းဆုံး အထောက်အကူ ပြုစေမှာပါ” ဟု ဦးကြည်မင်းသိန်းက ပြော သည်။

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်လက်ရွေးစင်အသင်း၊ အီရန်လက်ရွေးစင်အသင်း၊ မက္ကဆီကို လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ပါဝင်သည်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၈၊ ၁၉ နှင့်၂ဝ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.