Sport
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ၁ဂိုး-ဂိုးမရှိဖြင့် ထိုင်းအသင်းအားရှုံးနိမ့်
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆီမီးဖိုင်နယ်ပွဲစဉ်ကို မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းနှင့် ထိုင်းလက်ရွေးစင် ယူ၂၂ အသင်း တို့သည် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ(၂း၃၀) နာရီ၊ ဆလာရန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်း အနေဖြင့် ထိုင်းအသင်းအား တစ်ဂိုး-ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်း နှင့် ထိုင်းအသင်း တို့သည် မိနစ် ၉၀ ကျော်ကြာ၍ နာကျင်ချိန်အထိ အနိုင်ဂိုးမသွင်း နိုင်ခဲ့ပဲ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှ ထိုင်းအသင်းမှ အနိုင်ဂိုး ၁ဂိုးအားရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်း သည် ထိုင်းအသင်းအားရှုံးနိမ့်ခဲ့သည့်အတွက် အုပ်စုဒုတိယ ဆီမီးဖိုင်နယ်ပွဲစဉ် တွင်ယှဉ်ပြိုင်ကစားကြမည့် အင်ဒိုနီးရှားအသင်း နှင့် မလေးရှား အသင်း နှစ်သင်းတွင် ရှုံးနိမ့်သည့် အသင်း နှင့် မြန်မာအသင်းတို့ သည် တတိယ နေရာကို လုကြရမည်ဖြစ်သည်။
တတိယနေရာလုမည့် ပွဲစဉ်အား သြဂုတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၂း၃၀ နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)