Connect with us

Sport

မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နဝမအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအား တွဲဆိုင်း ၆ ဖြင့် စက်တင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပခဲ့သည်။အဆိုပါတွဲဆိုင်းများမှာ ၆၃.၅-၆၅ ကီလို(၄ ချီ)တွင် အောင်ထက်ကျော်နှင့် အောင်ကိုလတ် တွဲဆိုင်း၊ ၅၈-၆၀ ကီလို(၄ ချီ)တွင် ဆလိုင်းထန်ခွီးရှိန်နှင့် မောင်ဇော်တွဲဆိုင်း၊ ၆၄ ကီလို(၅ ချီ)တွင် စောဘဟိန်းနှင့် မြလုံးချောတွဲဆိုင်း၊ ၆၅ ကီလို(၅ ချီ)တွင် စိန်လုံးချောနှင့် စူပါရေချမ်းတွဲဆိုင်း၊ ၇၆-၈၀ ကီလို(၅ ချီ)တွင် ရာမာန်နှင့် အောင်ခိုင်တွဲဆိုင်း၊ အလွတ်တန်း(၇ ချီ)တွင် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတွဲဆိုင်းတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်း သိရသည်။


အလွတ်တန်းတွဲဆိုင်းတွင် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို့ (၇)ချီ စိန်ခေါ်ထိုးသတ်ခဲ့ရာ ထွန်းထွန်းမင်းက (၄)ချီမြောက်တွင် ကျော်စွာဝင်းအား အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
#MyanmarLethweiWorldChampionship #ရန်ကုန်မြို့ #သိမ်ဖြူလက်ဝှေ့အားကစားရုံ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.