Connect with us

News

အစ္စရေးနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး တိုက်တွန်းသော ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွား

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန်နှင့် ထိန်းသိမ်းထားခံရသူများ ဆောလျင်စွာ လွှတ်ပေးရေးကို မြှင့်တင်ပေးရန် အစိုးရအနေဖြင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အမြန်ဆုံး သဘောတူညီမှု ရရှိရန် တောင်းဆိုနေသော ဆန္ဒပြစုဝေးပွဲအား Tel Aviv မြို့တွင် ကျင်းပနေသည့် အစ္စရေး ပြည်သူများကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းသော ဆန္ဒပြပွဲများ စက်တင်ဘာ ၁ ရက်တွင် အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း၊ ပြည်သူအများအပြားသည် လမ်းမပေါ်ထွက်ကာ အစ္စရေးအစိုးရအနေဖြင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံထားရသော အစ္စရေးများ ပြန်လွှတ်ပေးရေးကို တွန်းအားပေးရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။
Tel Aviv မြို့ ကာကွယ်ရေးဝန်ကြီးဌာနအနီးနှင့် ဂျေရုဆလမ်ရှိ ပါလီမန် အဆောက်အအုံတစ်လျှောက်တွင် ဆန္ဒပြနေသည့် လူစုလူဝေးကြီးက အပစ်အခတ်ရပ်စဲရေး တောင်းဆိုသံများ ဟစ်ကြွေးကာ ဆန္ဒပြဆိုင်းဘုတ်များ၊ ထိန်းသိမ်းခံထားရသူများ၏ ဓာတ်ပုံများ ကိုင်ဆောင်ထားသည်ကို ဆင်ဟွာသတင်းထောက်များက မြင်တွေ့ခဲ့ရသည်။ စက်တင်ဘာ ၁ ရက်တွင် နိုင်ငံတစ်ဝန်း လူပေါင်း ၇၀၀,၀၀၀ ပါဝင် ဆန္ဒပြခဲ့ကြပြီး ၎င်းအနက် Tel Aviv မြို့တွင် လူ ၅၅၀,၀၀၀ ရှိကြောင်း အဆိုပါနေ့ ညပိုင်း အစ္စရေး “Yedioth Ahronoth” ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရသည်။
စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ထောင်နှင့်ချီရှိသောဆန္ဒပြသူများသည် Tel Aviv မြို့ အဓိကလမ်းမကြီးတစ်ခုကို မီးရှို့ခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့ရကြောင်း အစ္စရေးမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။ ဆန္ဒပြသူအချို့ကို လူစုခွဲခဲ့ပြီး ဆန္ဒပြမှုများအတွင်း နိုင်ငံတစ်ဝန်း အနည်းဆုံး ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးသည် “မည်သည့်အရာထက်မဆို ပိုအရေးကြီး”ကြောင်း ကြွေးကြော်သံများကိုသိစေရန် စက်တင်ဘာ ၂ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်ကြမည်ဖြစ်ကြောင်း အစ္စရေး အလုပ်သမားအဖွဲ့ချုပ် ဥက္ကဋ္ဌ Arnon Bar-David က စက်တင်ဘာ ၁ ရက်တွင် ကြေညာခဲ့သည်။ သပိတ်မှောက်မှုသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်း ၆ နာရီတွင် စတင်မည်ဖြစ်ပြီး လတ်တလောတွင် ကြာချိန်အနေဖြင့် တစ်ရက်အဖြစ် စီစဉ်ထားကြောင်း၊ Tel Aviv စသည်မြို့များရှိ မြို့စည်ပင်ဌာနများကလည်း ယင်းသပိတ်မှောက်မှု၌ ပါဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ရှိ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်နေရာတွင် ထိန်းသိမ်းခံထားရသော အစ္စရေးတပ်သား ၆ ဦး၏ အလောင်းရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ယခင်ရက်အနည်းငယ်ကတည်းက သေဆုံးခဲ့ပြီးဖြစ်သည်ဟု ကနဦး ခန့်မှန်းရကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဤသတင်းသည် အစ္စရေးနိုင်ငံတစ်ဝန်းတွင် ပြင်းပြသော မကျေနပ်မှုများဖြစ်စေခဲ့သည်။ ထို့နောက်တွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးအစိုးရနှင့် ၎င်းကိုယ်တိုင်က ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် အစ္စရေးတို့၏ ဘေးကင်းရေးကို သေချာစေရန်အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ဆက်လက်ရှာဖွေရေးအပေါ် ကြိုးပမ်းအားထုတ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမက်စ်သည် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနယ်မြေတွင်းရှိ စစ်ဘက်နှင့် အရပ်ဘက်ကို ပစ်မှတ်ထား လျှက်တစ်ပြတ်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁,၂၀၀ ခန့်သေဆုံး၍ အခြားသူ ၂၅၀ ခန့်ကို ဟားမက်စ်စသည့် ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့များက ဂါဇာကမ်းမြောင်ဒေသသို့ ပြန်လည်ခေါ်ဆောင်သွားပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နောက်ပိုင်းတွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအား ကြီးမားသော စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည်။ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားပြီးကတည်းက အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၄၀,၀၀၀ ကျော် သေဆုံးပြီး ၉၃,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)


………………………………………………
(Chinese Version)
以色列爆发大规模游行示威呼吁停火
新华社耶路撒冷9月1日电(记者王卓伦)以色列1日爆发大规模游行示威活动,众多民众走上街头呼吁以色列政府与巴勒斯坦伊斯兰抵抗运动(哈马斯)达成停火协议,推动被扣押在加沙地带的以方人员获释。
在特拉维夫国防部附近及耶路撒冷议会大楼一带,新华社记者都看到示威人群高呼要求停火的口号,并高举标语牌和被扣押人员的照片。据以色列《新消息报》网站1日晚报道,当天全国共有70万人参加了游行示威活动,其中特拉维夫有55万人。
以色列媒体报道说,1日晚间,数千名抗议者在特拉维夫的一条主干道纵火,导致道路被暂时封闭。警方发表声明称驱散了部分抗议者,全国至少有12人在游行示威中被捕。
以色列劳工联合会主席阿尔农·巴尔-戴维1日宣布,该工会将于2日发起全国性罢工,以发出达成停火协议“比什么都重要”的呼声。罢工将于2日6时开始,目前计划为期一天。特拉维夫等城市的市政部门已宣布参加此次罢工。
以色列国防军1日早间发表声明说,以军在加沙地带南部城市拉法的一处地下隧道发现6名以方被扣押人员的遗体,初步估计他们在此前数日已经死亡。这一消息在以色列全国引发强烈不满。以色列总理内塔尼亚胡随后发表声明称,以政府及他本人都致力于继续寻求达成停火协议,以便让所有被扣押人员获释并保障以色列人安全。
去年10月7日,哈马斯从加沙地带突袭以色列境内军民目标,导致约1200人死亡,约250人被哈马斯等巴方武装人员带回加沙地带扣押。以色列随后对加沙地带发起大规模军事行动。据巴勒斯坦加沙地带卫生部门发布的数据,本轮巴以冲突爆发以来,以色列在加沙地带军事行动已造成超4万巴勒斯坦人死亡、逾9.3万人受伤。(完)
图说:7月25日,以色列民众在特拉维夫举行游行集会,要求政府尽快与巴勒斯坦伊斯兰抵抗运动(哈马斯)达成协议,在加沙地带实现停火并促使被扣押人员尽快获释。