Connect with us

Asia

ကမ္ဘောဒီးယားတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးဒဏ်ရာရမှုရှိဟု ထိုင်းဘက်က ပြောကြား

ထိုင်းနိုင်ငံ ချန်သာဘူရီပြည်နယ်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ကမ္ဘောဒီးယားနိုင်ငံဘက်အခြမ်းအား ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ Surin ပြည်နယ်ရှိ ရပ်ကွက်တစ်ခုကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် BM-21 ဒုံးကျည်အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒေသရှိ လူထုကို ထိုင်းဘက်က ဘေးလွတ်ရာသို့ ချက်ချင်းရွှေ့ပြောင်းပေးခဲ့ရကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က ယင်းနေ့တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်သည့် ဒုံးကျည်နှစ်စင်းသည် ယင်းဒေသရှိကျေးရွာကို ထိမှန်ခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Thai PBS က ဇူလိုင် ၂၄ ရက်တွင် Surin ပြည်နယ် အစိုးရအရာရှိ၏ သတင်းအား ကိုးကားဖော်ပြချက်များအရ သိရသည်။ (Xinhua)
———————-
(Chinese Version)
泰方称柬方袭击造成泰方人员伤亡
新华社曼谷7月24日电(记者陈倩慈 林昊)泰国陆军24日在社交媒体发文说,柬方当天上午向泰国素林府一社区发射两枚BM-21火箭炮,造成3名平民受伤,泰方立即疏散了该地区民众。
另据泰国公共电视台24日援引素林府官员的消息报道,两枚柬方炮弹击中当地村庄,造成2人死亡,2人受伤。(完)
1. 这是6月16日从泰国庄他武里府的边境检查站拍摄的泰柬边境柬埔寨一侧。新华社发(蒂姆摄)