Culture
မြန်မာနိုင်ငံရှိ တရုတ်အသိုင်းအဝိုင်းက တရုတ်မြင်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများက တရုတ်မြင်းနှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပခဲ့သည်။အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia ၊ အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ပြည်ပရောက် တရုတ်နွယ်ဖွားများ၊ တရုတ်နိုင်ငံက ရန်ပုံငွေပံ့ပိုးကူညီထားသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အလွှာအသီးသီးမှ မိတ်ဆွေများ အပါအဝင် လူဦးရေ ၁,၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် နက်ရှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံရှိ ပြည်ပရောက် တရုတ်နွယ်ဖွားများထံ တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် မြေငလျင် ကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာပြီး အစိုးရသစ်ဖွဲ့စည်းပြီးပါကလည်း တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
အဆင့်မြင့် ဦးဆောင်မှုပိုင်း၏ လမ်းညွှန်မှုအောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် မြင့်မားသောအဆင့်သစ်သို့ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကလည်း ယခင်ကထက် ပိုမိုခိုင်မာစွာ ဆက်လက်တည်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia မှ ပြောကြားခဲ့သည်။
ငလျင် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်အသိုင်းအဝိုင်း၏ တက်ကြွစွာ ပါဝင်မှုသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း စိတ်ဓာတ်ကို အထင်အရှားဖော်ညွှန်းနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ပြည်ပရောက် တရုတ်နွယ်ဖွားများအနေဖြင့်လည်း နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ပေါင်းကူးတံတားအဖြစ် ဆက်လက်ပါဝင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု စာမျက်နှာသစ်ကို ရေးသားနိုင်စေရန် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ဧည့်သည်တော်များက တရုတ်နှစ်သစ်ကူး ယဉ်ကျေးမှုပြပွဲ၊ အဆို၊ အက၊ ကိုယ်ခံပညာနှင့် ခြင်းလုံး စသည့် ဖျော်ဖြေမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ (Xinhua)
———————————
English Version
Chinese community in Myanmar celebrates Year of Horse in Yangon
YANGON, Feb. 15 (Xinhua) — The Chinese community in Myanmar celebrated the Chinese New Year, the Year of the Horse, at Thuwunna Stadium in Yangon on Saturday.
More than 1,500 people, including Vice Chairman of Myanmar’s State Security and Peace Commission Vice Senior General Soe Win, Chinese Ambassador to Myanmar Ma Jia, high-ranking officials, ambassadors from various countries to Myanmar, overseas Chinese, representatives of Chinese-funded institutions, and friends from all walks of life, participated in the celebration.
Soe Win extended Chinese New Year greetings to the overseas Chinese community in Myanmar, noting that the “Pauk-Phaw” friendship between Myanmar and China is deep-rooted and cooperation in various fields continues to deepen.
He thanked China for its earthquake relief assistance and support for Myanmar’s peace process. Myanmar adheres to the one-China policy and looks forward to more cooperation with China after the establishment of the new government.
Ma Jia said that under the guidance of high-level leadership, China-Myanmar bilateral relations reached new heights in 2025, with the “Pauk-Phaw” friendship between the two nations remaining as strong as ever.
The active involvement of the Chinese community in earthquake relief efforts has vividly embodied the spirit of the China-Myanmar community with a shared future, she added.
She expressed her hope that the overseas Chinese community would continue to serve as a bridge and bond between the two countries, helping to write a new chapter of bilateral friendship.
Guests visited and experienced the Chinese New Year cultural fair, enjoying performances such as song and dance, martial arts, and Chinlone. Enditem
—
