Economy
မြန်မာစားသုံးသူများက တရုတ်ထုတ်ကုန်များ အရည်အသွေးနှင့် တန်ဖိုးကို နှစ်သက်လက်ခံ
 
																								
												
												
											ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများသည် မြန်မာပြည်သူ အများစု၏ နေ့စဉ်ဘဝအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ ဖုန်းများနှင့် အဝတ်အစားများမှ ဆိုလာပြားနှင့် ကားများအထိ၊ တရုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာနှင့် သုံးစွဲနိုင်သည့်အတွက် အိမ်ထောင်စုများစွာနှင့် စျေးကွက်များတွင် အသုံးများလျက်ရှိသည်။
အသက် ၃၅ နှစ် အရွယ်ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးက မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ပစ္စည်းများကို ဈေးကွက်တွင်း အလွယ်တကူရရှိပြီး ဈေးသက်သာသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြကြောင်း ပြောခဲ့သည်။
“ဖုန်းတွေကတော့ မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး တရုတ်ထုတ်ကုန်ပေါ့။ ကျွန်တော်တို့ အိမ်မှာရှိတဲ့ ၉၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံထုတ် ပစ္စည်းတွေပါပဲ” ဟု ၎င်းက ဆိုသည်။
တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် မသန္တာက တရုတ်ထုတ်ကုန်များသည် လျှပ်စစ်ကားများမှအစ ပန်းကန်ခွက်ယောက်များ၊ ဖိနပ်များနှင့် အဝတ်အထည်များကဲ့သို့သော နေ့စဉ်သုံးပစ္စည်းများအထိ ဈေးကွက်တွင် နေရာယူထားကြောင်း ဆိုသည်။
“ကျွန်မကတော့ ပြည်တွင်းထုတ်တံဆိပ်တွေထက် တရုတ်နိုင်ငံထုတ် တံဆိပ် တွေကို ပိုကြိုက်တယ်။ တရုတ်နိုင်ငံမှာ တည်ထောင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာအွန်လိုင်းဖက်ရှင်နဲ့ လူနေမှုအသုံးအဆောင်ပစ္စည်းတွေကို လက်လီရောင်းချတဲ့ SHEIN ကနေ အဝတ်အထည်တွေကို အမြဲမှာယူဖြစ်ပါတယ်။ ဒီ SHEIN အွန်လိုင်း ပလက်ဖောင်းပေါ်မှာ ရောင်းချတဲ့ ဒီဇိုင်းတွေက ခေတ်မီသလို အထည်တွေကလည်း သပ်ရပ်ပြီး အရည်အသွေးကောင်းပါတယ်။ ဒါက တကယ်ကို ဈေးသက်သာပြီး စမတ်ကျတဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တစ်ခုဖြစ်တာပေါ့” ဟု မသန္တာက ပြောသည်။
အိမ်ရှင်မတစ်ဦးဖြစ်သည့် ဒေါ်ချိုချိုကလည်း မြန်မာနိုင်ငံရှိ အိမ်သုံးပစ္စည်းအများစုမှာ တရုတ်နိုင်ငံထုတ်များ ဖြစ်ကြောင်းဆိုသည်။
“တရုတ် EV ကားတွေနဲ့ တရုတ်ဖုန်းတွေက မြန်မာနိုင်ငံမှာ ရေပန်းစား လူကြိုက်များပါတယ်။ ဝင်ငွေနည်းနည်းပဲ ရသူတွေကလည်း တရုတ်ပစ္စည်းကို ဝယ်ပြီးသုံးနိုင်တယ်” ဟု ဒေါ်ချိုချိုက ပြောသည်။
“တရုတ်နိုင်ငံထုတ်ပစ္စည်းတွေက အရည်အသွေးကောင်းပြီး လူတိုင်းလက်လှမ်းမှီတယ်ပေါ့။ ကျွန်မတို့ရပ်ကွက်က အိမ်တိုင်းလိုလိုမှာလည်း တရုတ်နိုင်ငံထုတ် ဆိုလာနဲ့ ဘက်ထရီကို တပ်ဆင်ထားတာပါ တရုတ်နိုင်ငံရဲ့ နည်းပညာက သိပ်ကို ခေတ်မီတိုးတက်နေပါပြီ” ဟု ဒေါ်ချိုချိုက ဆိုသည်။
အသက် ၄၇ အရွယ်ရှိ ဆောက်လုပ်ရေးပစ္စည်းရောင်းချသည့် ဒေါ်သူဇာကလည်း ၎င်းရောင်းချသည့် ဆောက်လုပ်ရေးပစ္စည်း အများစုမှာ တရုတ်နိုင်ငံထုတ်ပစ္စည်းများဖြစ်ကြောင်း ဆိုသည်။
“တရုတ်နိုင်ငံထုတ်ပစ္စည်းတွေက တခြားနိုင်ငံထုတ်တွေထက် ဈေးသက်သာသလို သုံးရတာ အဆင်ပြေတဲ့ အတွက် ကျွန်မတို့ဆိုင်မှာဆိုရင် တရုတ်နိုင်ငံထုတ်ပစ္စည်းတွေက ရောင်းအားကောင်းတယ်။ ကျွန်မတို့ အိမ်မှာလည်း တရုတ်နိုင်ငံထုတ်ပစ္စည်းတွေကို သုံးဖြစ်တယ်။ ကျွန်မတို့နိုင်ငံမှာဆိုရင် တရုတ်နိုင်ငံထုတ် အဲကွန်း ၊ အိမ်သာခွက်နဲ့ ကားတွေရော ကလေးကစားစရာတွေ၊ မုန့်တွေ အများစုက တရုတ်နိုင်ငံက ဝင်တာပါပဲ” ဟု ဒေါ်သူဇာကပြောသည်။
ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ် အရွယ် မဘုန်းက “ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ တရုတ်ထုတ်ကုန်တွေက နေရာအပြည့်ယူထားပါတယ်။ တရုတ်နိုင်ငံက ကျွန်မတို့နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အတွက် တရုတ်ထုတ်ကုန်တွေကလည်း ကျွန်မတို့နိုင်ငံမှာ အလွယ်တကူရရှိနိုင်တာလည်းဖြစ်ပါတယ်” ဟု ပြောသည်။
“တရုတ်နိုင်ငံရဲ့ နည်းပညာတွေက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေပါတယ်။ ကျွန်မဆိုရင် တရုတ်နိုင်ငံရဲ့ ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Xiaomi ဖုန်းနဲ့ Huawei လက်တော့ပ်ကို သုံးပါတယ်။ တရုတ် brands တွေက တခြားသော brands တွေထက် ဈေးသက်သာပြီး သုံးစွဲရ လွယ်ကူပါတယ်” ဟု ၎င်းက ပြောသည်။ (Xinhua)
………………………
(English Version )
Feature: Myanmar consumers embrace Chinese products for quality, value
YANGON, Oct. 30 (Xinhua) — Chinese-made products have become part of daily life for many people in Myanmar. From phones and clothes to solar panels and cars, Chinese goods are common in many households and markets for their affordability and accessibility.
Pyae Phyo, 35, a company employee, said that people in Myanmar use Chinese-made products widely because they are easy to find and inexpensive.
“Phones are the most popular Chinese products in Myanmar. In our house, about 95 percent of the items are made in China,” he said.
Thethtar, 20, a university student, said that Chinese products dominate the market, from electric vehicles to everyday items such as cups, footwear, and clothing.
“I prefer Chinese brands over local ones. I always order clothes from SHEIN, a global online fashion and lifestyle retailer founded in China. Designs on the platform are trendy, the fabric is neat, and the quality is good. It’s truly a global brand – affordable and stylish,” she said.
Daw Cho Cho, 49, a housewife, said that most household items in Myanmar are made in China. “Chinese electric vehicles and phones are especially popular. People from all income levels can use them depending on the type.”
“Their products are of good quality and affordable. Almost every house in our ward now installs solar panels, and Chinese technology is very advanced,” she said.
Daw Thuzar, a 47-year-old construction materials seller, said that most of the products she sells come from China.
“Chinese brands sell better in our ward because they’re affordable and accessible. At home too, almost everything – the air conditioner, toilet, television, iron, and even cars – is from China,” she said.
Bhone, 25, an office worker, said that “our daily life is surrounded by Chinese products. Since China is our neighboring country, its products flow easily into our markets.”
“Chinese technology has also made my daily routine easier. I use Chinese brands such as a Xiaomi phone and a Huawei laptop. They are reliable and cheaper compared to other brands,” she said. ■
