Connect with us

CPPCC

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး စတင်ကျင်းပ

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၂၁ ရက် မွန်းလွဲပိုင်းက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြည်သူ့ခန်းမကြီးတွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံသို့ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော တရုတ်နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးစတင်ချိန်တင် သမ္မတ ရှီကျင့်ဖိန်နှင့် ခေါင်းဆောင်များသည် COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်စဉ် အသက်သေဆုံးသွားခဲ့သည့် အာဇာနည်များနှင့် ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့သည့် နိုင်ငံသားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိတ်ဆိတ်ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.