NPC
တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌက သတင်းစာဆရာများအား ကျေးဇူးတင်ကြောင်း ပြောကြား

ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ အသစ်ခန့်အပ်ခြင်းခံရသော ဥက္ကဋ္ဌ လီကျန့်ရှူး (Li Zhanshu) က NPC သို့ တက်ရောက်သတင်းယူခွင့်ရသည့် သတင်းစာဆရာများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ လီက People’s Daily , Xinhua News Agency နှင့် China Central Television အပါအဝင် မီဒီယာ အဖွဲ့အစည်းများစွာမှ သတင်းစာဆရာများအား လွန်ခဲ့သော သီတင်းပတ်များက “မှတ်ချက်ပြုလောက်ဖွယ်ရှိသော၊ ရဲရင့်သော၊ ဖန်တီးမှုရှိသော၊ အားပေးတိုက်တွန်းသော” သတင်းများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် အစည်းအဝေး၏ သတင်းပေးပို့ချက်များသည် မှန်ကန်သော နိုင်ငံရေးလမ်းကြောင်းများဖြင့် ကောင်းမွန်သော သဘောလက္ခဏာအား ထိန်းသိမ်းကာ အပြုသဘောဆောင်သော အားထုတ်မှု ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ရကြောင်း လီက ဆိုသည်။
၁၃ ကြိမ်မြောက် NPC ပထမအကြိမ်အစည်းအဝေးအား မတ်လ ၅ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)