NPC
လီကျန်ဆူးအား ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်
![NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်ခံရသော လီကျန်ဆူးအားတွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2018/03/images_china_2018_03_17e1.jpg)
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် နံနက်ပိုင်းတွင် လီကျန်ဆူးအား NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
လီသည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။
ဥပဒေပြုကိုယ်စားလှယ်ပေါင်း ၃,၀၀၀ နီးပါးသည် NPC အမြဲတမ်းကော်မတီ ၏ လက်ထောက်အကြီးအကဲ ၁၄ဦး နှင့် အတွင်းရေးမှူးချုပ် တစ်ဦး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)