Europe
ထရမ့်၏ ဆေးရုံသင်္ဘော စေလွှတ်မည့် အဆိုပြုချက်အား ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အစိုးရ ဝန်ကြီးချုပ် ငြင်းပယ်
အော်စလို၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ဂရင်းလန်းကျွန်းအနေဖြင့် အမေရိကန် သမ္မတ ထရမ့်က အဆိုပါကျွန်းသို့ စေလွှတ်မည့် ဆေးရုံသင်္ဘောတစ်စင်းအား လက်ခံရန်ဆန္ဒမရှိဟု ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အစိုးရ ဝန်ကြီးချုပ် Jens-Frederik Nielsen က ဖေဖော်ဝါရီ ၂၂ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
“ဒီနေရာရဲ့ အဖြေကတော့ မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်” ဟု Jens-Frederik Nielsen က ထိုနေ့တွင် Facebook ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းနေပြည်သူများသည် အခမဲ့ဆေးကုသမှုကို ခံစားခွင့်ရှိကြောင်း၊ ယင်းစနစ်သည် ဒေသတွင်းလူမှုအသိုက်အဝန်း၏ “အခြေခံဖွဲ့စည်းပုံ အစိတ်အပိုင်း” ဖြစ်ကြောင်း၊ “ဒါက အမေရိကန်နဲ့ မတူပါဘူး၊ အမေရိကန်မှာ ဆရာဝန်ပြရင် ငွေကုန်ကျရပါတယ်” ဟု ၎င်းက ဆိုသည်။
ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသည် အမေရိကန်အပေါ် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောထားလက်ကိုင်ထားကြောင်း၊ သို့သော် အမေရိကန်ဘက်က “လူမှုမီဒီယာပေါ်မှာ ပေ့ါပြက်ပြက် သဘောဆောင်တဲ့ မှတ်ချက်တွေ ထုတ်ဖော်ပြောကြားနေမယ့်အစား ကျွန်တော်တို့နဲ့ အရင်ချိတ်ဆက်ဆွေးနွေးဖို့” မျှော်လင့်ကြောင်း Jens-Frederik Nielsen က တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် လေးစားမှုကို ရှေ့တန်းတင်ထားသင့်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
ထရမ့်က “အဲဒီက နေမကောင်းပြီး ဂရုစိုက်ပြုစုခြင်း မခံရတဲ့လူတွေကို ပြုစုစောင့်ရှောက်ပေးဖို့အတွက်” ဂရင်းလန်းကျွန်းသို့ ဆေးရုံသင်္ဘောတစ်စင်း စေလွှတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလည်းဖြစ်သည်။ ထိုကျွန်းတွင် အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။ ထိုမတိုင်မီ ထရမ့်က “အမျိုးသားလုံခြုံရေး” ဟူသော အကြောင်းပြချက်ဖြင့် ဂရင်းလန်းကျွန်းအား ရယူမည်ဟု အကြိမ်များစွာ ကြုံးဝါးပြောဆိုခဲ့သည်။ (Xinhua)
——————–
(Chinese Version)
格陵兰岛自治政府总理拒绝特朗普拟派医院船提议
新华社奥斯陆2月22日电(记者张玉亮)哥本哈根消息:丹麦自治领地格陵兰岛自治政府总理延斯-弗雷德里克·尼尔森22日在社交媒体上说,格陵兰岛无意接收美国总统特朗普拟派往该岛的一艘医院船。
尼尔森当天在脸书发文说:“这里的回答是:不,谢谢。”他表示,格陵兰岛居民可以享受免费医疗,这一制度是当地社会的“基本组成部分”,“这与美国不同,在美国看病是要花钱的”。
尼尔森同时表示,格陵兰岛自治政府对同美国开展对话与合作持开放态度,但希望美方“与其在社交媒体上发表或多或少有些随意的言论,不如先同我们沟通”。他强调对话与合作应以尊重为前提。
特朗普21日在社交媒体上称,将向格陵兰岛派遣一艘医院船,以“照顾那里许多生病但未得到照顾的人”。
格陵兰岛是世界第一大岛,也是丹麦自治领地,有高度自治权,国防和外交事务由丹麦政府掌管。特朗普此前多次以所谓“国家安全”为由扬言要得到格陵兰岛。(完)
图说:这是2月6日拍摄的丹麦自治领地格陵兰岛首府努克景色。 新华社记者 李颖 摄
