Africa & Middle East
တူနီးရှားနိုင်ငံတွင် ရထားချင်းတိုက်မိ၍ လူ ၁ဦးသေဆုံး၊ ၆၀ဦး ဒဏ်ရာရရှိ
တူးနစ်၊ မေ ၄ ရက် (ဆင်ဟွာ)
တူနီးရှားနိုင်ငံ မြို့တော် တူးနစ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးဒေသတွင် မေ ၃ရက် နေ့လည်ပိုင်းက ခရီးသည်တင် ရထား၂စင်း တိုက်မိရာ လူ ၁ဦးသေဆုံးပြီး အနည်းဆုံး လူ ၆၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှား ပြည်ထဲရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
တိုက်မိခဲ့သော ရထား ၂စင်းသည် တူးနစ်မြို့ နှင့် ၎င်း၏ တောင်ဘက် ဆင်ဖြေဖုံးဒေသများသို့ နေ့စဉ်ပြေးဆွဲနေခြင်းဖြစ်ပြီး ယင်းမတော်တဆမှု၌ ရထားမောင်းသူ တစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဝန်ကြီးဌာန ကပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိမှု အားလုံးနီးပါးသည် အသေးစား ဒဏ်ရာများသာဖြစ်သော်လည်း ယင်း ဖြစ်ရပ်ကြောင်း ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ (Xinhua)