Africa & Middle East
တူနီးရှားလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအတွက် ကျန်ရှိသောအဖွဲ့ဝင်များရွေးကောက်တင်မြှောက်ခြင်းမပြုနိုင်

တူးနစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တူနီးရှားလွှတ်တော် သည် ဇူလိုင်လ ၁၀ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအတွက် ကျန်ရှိသောအဖွဲ့ဝင်များရွေးကောက်တင်မြှောက်ခြင်းမပြုနိုင်ဖြစ်ခဲ့ကြောင်း Tunis Afrique Presse (TAP) ကသတင်းထုတ်ပြန်ခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မှာ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၁၇ မဲ ထဲက ၁၄၅ မဲရဖို့ လိုအပ်ပါတယ်။အခုကိုယ်စားလှယ်တစ်ဦးမှ လိုအပ်တဲ့ မဲအရေအတွက် မရခဲ့ကြလို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအတွက် ကျန်ရှိတဲ့အဖွဲ့ဝင်တွေ မရွေးခိုင်းခဲ့ပါဘူး’’ ဟု လွှတ်တော်ဥက္ကဋ္ဌ Mohamed Ennaceur က လွှတ်တော်ဌာနချုပ် မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် မတ်လ ရွေးကောက်ပွဲအပြီး တွင် တစ်သီးပုဂ္ဂလ တရားသူကြီး Rawda al Wersigni ကို တစ်ဦးတည်းသောအဖွဲ့ဝင်အဖြစ်ရွေးချယ်ပြီးသည့်နောက် ဖွ့ဲစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အတွက် ကျန်ရှိနေသည့် အဖွဲ့ဝင် ၃ဦးအား ရွေးချယ်ရန် တူနီးရှားလွှတ်တော် က ၇ ကြိမ်မြောက်မဲဆန္ဒရယူခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)