Africa & Middle East
တူရကီ မြောက်ပိုင်းတွင် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ၇ ဦး သေဆုံး
အန်ကာရာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ မြောက်ပိုင်း၌ စစ်တပ် ရဟတ်ယာဉ်တစ်စင်း ဇူလိုင်လ ၅ ရက်က ပျက်ကျခဲ့သောကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ စစ်ဦးစီးဋ္ဌာနက ပြောကြားခဲ့သည်။
လူ ၁၅ ဦးအား တင်ဆောင်လာသည့် Sikorsky S-70 ရဟတ်ယာဉ်သည် တူရကီနိုင်ငံ မြောက်ပိုင်း Giresun ပြည်နယ် Alucra ခရိုင်ရှိ Tohumluk တောင်တန်းဒေသတွင် ပျက်ကျခဲ့ကာ စစ်သားများနှင့် ၎င်းတို့ ဆွေမျိုးများ ပါဝင်သည့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုများလည်း စတင်နေပြီ ဖြစ်ကြောင်း တူရကီ စစ်ဦးစီးဋ္ဌာန ဝက်ဘ်ဆိုဒ်၌ ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းတို့သည် Eid al-Fitr ပွဲသို့ စစ်စခန်းများတွင် တက်ရောက်ပြီးနောက် ကျဆုံးစစ်သားများ၏ မိသားစုဝင်များထံ လည်ပတ်အပြီး အပြန်လမ်းခရီး၌ ထိုသို့ ရဟတ်ယာဉ် ပျက်ကျခြင်း ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထား သည်။
ရဟတ်ယာဉ် ပျက်ကျရခြင်း အကြောင်းရင်းမှာ ရာသီဥတု ဆိုးဝါးခြင်းကြောင့် ဖြစ်ကြောင်း တူရကီနိုင်ငံ ဝန်ကြီးချုပ် Binali Yildirim က ဇူလိုင်လ ၅ ရက် အစောပိုင်းက ပြောကြားခဲ့သည်။ (Xinhua)