Africa & Middle East
တောင်အာဖရိကနိုင်ငံတွင် ခရီးသည်တင်ရထားချင်းတိုက်မိမှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူပေါင်းရာနှင့်ချီဒဏ်ရာရ
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ Mountain View ဘူတာတွင် ဇန်နဝါရီ ၈ ရက်က ခရီးသည်တင် ရထားချင်းတိုက်မိမှုဖြစ်ပွားရာ လက်ရှိအချိန်ထိ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူ ၃၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Mountain View ဘူတာတွင် ရပ်နားထားသည့် ရထားတစ်စီးကို အခြားမောင်းနှင်လာသည့် ရထားက ဝင်တိုက်ခြင်းဖြစ်ကြောင်း အချို့သတင်းများက ဆိုသည်။ လက်ရှိတွင် ရထားတိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။
“လူ ၃ ဦး သေဆုံးပြီး လူ ၃၀၀ ခန့် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံသို့ပို့ဆောင်ထား ပြီးပါြ့ပီ။ ဒဏ်ရာရသူတွေထဲမှာ ၈၂ ဦးက ဒဏ်ရာပြင်းထန်တယ်။”ဟု Pretoria အရေးပေါ်ဝန်ဆောင်မှု ဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာကို ပြောကြားခဲ့သည်။
လက်ရှိ ကယ်ဆယ်ရေးသမားများက အချင်းဖြစ်နေရာတွင် ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေကြောင်း ၊ အချို့ခရီးသည်များက ရထားတွဲများတွင် ပိတ်မိနေနိုင်ကြောင်း ၊သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင် ဖွယ်ရှိကြောင်း သိရသည်။
တောင်အာဖရိက၏ ရထားလမ်းစနစ်လုံခြုံမှုသည် အမြဲတမ်းအပြစ်တင်ဝေဖန်ပြောဆိုခံရသည်။ ပြီးခဲ့သောနှစ် ဇန်နဝါရီက Free ပြည်နယ်တွင် ရထားနှင့်မော်တော်ယာဉ်တိုက်မိမှုကြောင့် လူ၁၈ ဦး ထက်မနည်းသေဆုံးခဲ့ရသလို Gauteng ပြည်နယ်တွင်ဖြစ်ပွားသည့် ရထားနှစ်စင်းတိုက်မိမှုကြောင့် လူပေါင်း ၂၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စက်တင်ဘာနှင့် နိုဝင်ဘာတွင် အလားတူဖြစ်ရပ်မျိုးများ ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)