Africa & Middle East
နယ်သာလန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ပစ်ခတ် တိုက်ခိုက်မှုအား ကူဝိတ် စော်ဘွား ပြစ်တင်ရှုတ်ချ
ကူဝိတ် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)
နယ်သာလန် နိုင်ငံ Utrecht မြို့၌ လျှပ်စစ်ရထားပေါ်တွင် မတ် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှု တစ်ခုအား ကူဝိတ် စော်ဘွား Sheikh Sabah Al-Ahmad Al-Jaber Al-Sabah က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ကြောင်း သိရသည်။
နယ်သာလန် ဘုရင် Willem-Alexander ထံသို့ကူဝိတ် စော်ဘွားက မတ် ၁၈ ရက်တွင် စာလွှာ ပေးပို့ရာတွင် အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ပြီး ယင်းမှာ လူသား တန်ဖိုး အားလုံးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကူဝိတ် စော်ဘွားက တိုက်ခိုက်မှုဒဏ် ခံခဲ့ရသူများအား ဝမ်းနည်းကြောင်း နှင့် ဒဏ်ရာ ရသူများ အလျှင်အမြန် ပြန်လည် ကောင်းမွန်လာစေရေး ဆုတောင်းပေးခဲ့ကြောင်း သိရသည်။
Utrecht မြို့၌ လျှပ်စစ် ရထားပေါ်တွင် မတ် ၁၈ ရက်တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု အတွင်း လူ ၃ ဦး သေဆုံးပြီး အခြား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)