Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် အသေခံဗုံးဖောက်ခွဲမှုများ ကြောင့် လူ ၃၄ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုအားတွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဒန်ဘိုအာမြို့ တွင် ဗုံး၂လုံးဆက်တိုက်ပေါက်ကွဲမှု တစ်ခုကြောင့် အနည်းဆုံး လူ ၃၄ဦးသေဆုံးပြီး အခြားလူ ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ဇွန် ၁၇ ရက်တွင်ပြောကြားခဲ့သည်။

အသေခံဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာတွင် လူနာများအား ကူညီနေသည့် လူအုပ်အတွင်းသို့ လက်ပစ်ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ဒန်ဘိုအာမြို့သည် ဘော်နိုပြည်နယ် အတွင်းရှိ အစိုးရဧရိယာတစ်ခုဖြစ်ပြီး မြို့တော် မိုင်ဒူဂူရီမြို့ မှ ၈၈ကီလိုမီတာ အကွာတွင် တည်ရှိကြောင်း သိရသည်။တာဝန်ရှိသူက ယခုပြုလုပ်လျက်ရှိသော ရုရှား ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ တွင် ကျင်းပခဲ့သည့် နိုင်ဂျီးရီးယား နှင့် ခရိုအေးရှားအသင်းတို့၏ တိုက်ရိုက်ပွဲစဉ်ကို ကြည့်ရှုပြီးနောက် ဒေသခံတစ်ချို့ ပြန်လာစဉ် ဗုံး၂လုံး ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.