Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံတွင် ဖြစ်ပွားသော ဆီတင်ယာဉ်ပေါက်ကွဲမှုတွင် သေဆုံးသူ ၄၈ ဦးအထိ မြင့်တက်

အချင်းဖြစ်ပွားသည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီယားနိုင်ငံ အရှေ့တောင်ပိုင်း Benue ပြည်နယ်တွင် ဖြစ်ပွားသည့် ဆီတင်ယာဉ်ပေါက်ကွဲမှုတွင် သေဆုံးသူ ၄၈ ဦး အထိ မြင့်တက်သွားပြီဖြစ်ကြောင်း နိုင်ဂျီးရီးယား အရာရှိတစ်ဦးက ဇူလိုင် ၃ ရက် တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၈ ဦး အထိရှိပြီဖြစ်ပြီး ဒဏ်ရာရသူ ၉၀ ကျော်က ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း Benue ပြည်နယ် ဒုတိယပြည်နယ်မှူး Benue Benson Abounuက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

အချင်းဖြစ် ဆီတင်ယာဉ်သည် အရှိန်မထိန်းနိုင်တိမ်းမှောက်ရာတွင်အနီးရှိလူများ ယိုစိမ့်နေသောလောင်စာဆီများကို လုယူခဲ့ကြကြောင်း ၊ ထို့နောက် တိမ်းမှောက်သည့် ဆီတင်ယာဉ်ကို ခရီးသည်တင်ယာဉ်က ဝင်တိုက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ခရီးသည်တင်ယာဉ်ပေါ်ရှိ လူ ၁၄ ဦး သေဆုံးခဲ့ပြီး လောင်စာဆီလုယူနေသူများ အချင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Benueပြည်နယ် ယာဉ်အန္တရာယ်ကင်းစင်ရေး စီမံခန့်ခွဲမှုဌာနတာဝန်ရှိသူ Aliu Babaက ဇူလိုင် ၂ ရက် တွင် ပြောကြားခဲ့သည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.