Connect with us

Africa & Middle East

နိုင်ဂျီးရီးယားလွှတ်တော်ကို ဆန္ဒပြသူများဝင်ရောက်စီးနင်း ၊ လူ ၄ဝ ဦးအဖမ်းခံရ

နိုင်ဂျီးရီးယားနိုင်ငံ လွှတ်တော်အား ဆန္ဒပြသူများက ဝင်ရောက် စီးနင်းစဉ်(ဆင်ဟွာ)

အဘူဂျာ ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အတွင်းသို့ ရှီအိုက်လှုပ်ရှားမှု(Shi’ites Movement) ဟူ၍ လူသိများသည့် အစ္စလာမ်မစ်တက်ကြွလှုပ်ရှားမှုအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဇူလိုင် ၉ ရက်တွင် ဆန္ဒပြသူ ၄ဝ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ရှိတ်အီဘရာဟင်အယ်လ်ဇက်ဇာကီ(Sheikh Ibrahim El-Zakzaky) နှင့် ၎င်း၏ ဇနီးကို လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ပြီး ယင်းသို့ လွှတ်တော်အတွင်း စီးနင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ လွှတ်တော်စီးနင်းချီတက်ပွဲအတွင်း ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ ခြေထောက်ကို ပစ်ခတ်ခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် ဆန္ဒပြသူများက ကျောက်တုံးများဖြင့် ပစ်ပေါက်မှုကြောင့် အခြားရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဘူဂျာမြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Anjuguri Manzah ကဆိုသည်။

ဒဏ်ရာရခဲ့သော ရဲတပ်ဖွဲ့ဝင်များကို အဘူဂျာမြို့ရှိ ဆေးရုံတစ်ခုသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း Anjuguri က ဆိုသည်။ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုင်ဖယ်သေနတ်တစ်လက်ကို လုယူပြီး ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့အစောပိုင်းတွင်ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် လွှတ်တော်ဝင်ပေါက်မှတဆင့် အထဲသို့အတင်းဝင်ရောက်ရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွန်းတိုက်ပြီး အထဲဝင်ဖို့လုပ်ခဲ့တယ်။ အဲဒီလို ဝင်ဖို့လုပ်တဲ့နေရာမှာ အနီးအနားမှာ ရှိတဲ့ အရာအားလုံးကို ဖျက်ဆီးပြီး အတင်းဝင်တာပါ” ဟု သတင်းအရင်းအမြစ်က ဆိုသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆန္ဒပြသူများအား ပစ်ခတ်နှိမ်နင်းခြင်းမပြုရန် “အထက်မှ အမိန့်ထုတ်ပြန်ခဲ့ကြောင်း” ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၎င်းပဋိပက္ခသည် လွှတ်တော်အနီးတစ်ဝိုက်ထိ ပြန့်နှံ့သွားပြီးအနားတွင်ရှိသော ကားနှစ်စီး မီးရှို့ခံရကြောင်း နှင့် အခြား ကားသုံးစီးမှာ ဆန္ဒပြသူများ၏ ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အချင်းဖြစ်နေရာ၌ ရှိနေသော မျက်မြင်သက်သေ သတင်းသမား Titilope Fadare ကဆိုသည်။

တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် လွှတ်တော်အနီးတစ်ဝိုက် မဟာဗျူဟာမြောက်နေရာများတွင် လုံခြုံရေးရဲတပ်ဖွဲ့ကို လျင်လျင်မြန်မြန်တိုးမြှင့်ချထားကြောင်း သတင်းအရင်းအမြစ်များက အတည်ပြုပြောကြားခဲ့သည်။

ဇက်ဇာကီသည် လွန်ခဲ့သော ၄ နှစ်ကျော်က နိုင်ဂျီးရီးယားတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ယင်းအတွက်ကြောင့်ပင် ရဲတပ်ဖွဲ့ဝင် များ နှင့် ၎င်း၏ နောက်လိုက်နောက်ပါများအကြား ပဋိပက္ခများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရသည်။

ပြီးခဲ့သော နှစ် နိုဝင်ဘာတွင် နိုင်ဂျီးရီးယားတရားရုံးတစ်ခုက ဇက်ဇာကီ နှင့်၎င်း၏ ဇနီးအား အာမခံပေးရန် ငြင်းပယ်ခဲ့သည်။ ၎င်းတို့ဇနီးမောင်နှံသည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာတွင် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း Zaria မြို့၌ ဖမ်းဆီးခံခဲ့ရပြီး ၂ဝ၁၈ ခုနှစ် မေ ၁၅ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်တရားရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

၎င်းတို့သည် လူသတ်မှုတွင် တာဝန်ရှိမှု ၊ ဥပဒေမဲ့ လူစုလူဝေးပြုလုပ်မှု နှင့် ပြည်သူ့ငြိမ်းချမ်းမှုကို ဖျက်ဆီးမှု နှင့် အခြားသော စွပ်စွဲချက်များဖြင့် နိုင်ဂျီးရီးယားအစိုးရ၏ တရားစွဲဆိုခြင်းခံထားရသည်။

အဆိုပါရှီအိုက်ခေါင်းဆောင်နှင့်အတူ အခြား အဖွဲ့ဝင် ၄ ဦးလည်း တရားစွဲဆိုခံထားရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.