Connect with us

Africa & Middle East

လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးပိတ်

တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တူးနစ် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးကို ဇူလိုင် ၁ ရက်တွင် ပိတ်ပစ် ခဲ့ကြောင်း သိရသည်။

“လုံခြုံရေးအရ စိုးရိမ်ရတဲ့အတွက် အရေးပေါ်လုပ်စရာ ကိစ္စရပ်တွေကလွဲလို့တနင်္လာနေ့မှာ သံရုံးကို ပိတ်ထားပါတယ်” ဟု ဇွန် ၃ဝ ရက်တွင် ထုတ်ပြန်သည့် သံရုံး၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

တူနီးရှားနိုင်ငံမြို့တော် တူးနစ်မြို့လယ်ခေါင်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ထိုသို့သံရုံးပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုတိုက်ခိုက်မှုများအတွင်း ရဲအရာရှိတစ်ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တူးနစ်မြို့၌ ဇွန်၂၅ ရက်တွင် ဖြစ်ပွားခဲ့သောတိုက်ခိုက်မှု နှစ်ခုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) စစ်သွေးကြွအဖွဲ့ကထုတ်ဖော်ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.