Africa & Middle East
အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး
အယ်လ်ဂျီးယား ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ တစ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့၌ နိုင်ငံမြောက်ပိုင်း Tebessa ပြည်နယ် တွင် ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရရ အစိုးရ တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
ဒေသတွင်း သတင်းမီဒီယာ ၏ ဖော်ပြချက်အရ Tebessa ပြည်နယ် ရှိ အစိုးရ တပ်ဖွဲ့ က တောင်တန်းဒေသ တွင် ကင်းလှည့်စစ်ဆေးမှု ဆောင်ရွက်နေစဉ် မြေမြှုပ်မိုင်းဖြင့် တိုက်ခိုက်မှု ခံခဲ့ရကာ တပ်ဖွဲ့ဝင် ၄ ဦး နှင့် အရာရှိ တစ်ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Tebessa ပြည်နယ် သည် အယ်လ်ဂျီးရီးယား နိုင်ငံ နှင့် တူနီးရှား နိုင်ငံ တို့နယ်နိမိတ်ချင်း ထိစပ် နေသည့် ဒေသ တစ်ခု ဖြစ်ပြီး အကြမ်းဖက် သမား များ တက်ကြွစွာ လှုပ်ရှားသည့် ဒေသ တစ်ခု ဖြစ်သည်။ လတ်တလော နှစ်ပိုင်း တွင် အယ်လ်ဂျီးရီးယား နိုင်ငံ အနေဖြင့် အကြမ်းဖက် လှုပ်ရှားမှုများကို အရှိန်မြှင့်တင် နှိမ်နင်းမှု များပြုလုပ်ခဲ့သောကြောင့် အဓိက မြို့ကြီးများတွင် လုံခြုံရေး အခြေအနေ ကောင်းမွန်လာသော်လည်း အကြမ်းဖက်သမား အချို့ က တောင်တန်းဒေသများတွင် ဆက်လက်၍ လှုပ်ရှားနေကြောင်း သိရှိရသည်။(Xinhua)