Connect with us

Africa & Middle East

အီရတ်နိုင်ငံ ခေါင်းဆောင်များနှင့်အတူ ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘဂ္ဂဒက်သို့ရောက်ရှိ

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် အီရတ်ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိလာခဲ့ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဇန်နဝါရီလ ၉ ရက်တွင် သတင်းဖော်ပြထားသည်။

ပွမ်ပီယိုသည် အီရတ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် အယ်လ်-ဟဲဘော်စီ (Mohammed al-Halbousi) နှင့် တွေ့ဆုံခဲ့ကြောင်း၊ အီရတ်နိုင်ငံ ဝန်ကြီးချုပ် အဒဲလ် အဗ္ဗဒူလ် မာဒီနှင့် အခြားထိပ်တန်း တာဝန်ရှိသူများနှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားအရ သိရသည်။

ဘဂ္ဂဒက်သို့လာရောက်သည့် ပွမ်ပီယို၏ ခရီးစဉ်သည် အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်နိုင်ငံ၏ ကတိကဝတ်နှင့်ပတ်သက်၍ မဟာမိတ်များ ထပ်မံအာမခံရရန် စီစဉ်ထားသည့် ခရီးစဉ်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.