Connect with us

Africa & Middle East

အီရန်က အစ္စရေးအား ဒုံးကျည် အစင်း ၂ဝ ကျော် ပစ်လွှတ်တိုက်ခိုက်


ဂျေရုစလင် ၊ မေ ၁ဝ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် တပ်စွဲထားသော အီရန်တပ်ဖွဲ့ဝင်များက အစ္စရေးနိုင်ငံအား မေလ ၉ ရက်တွင် ညလုံးပေါက် ဒုံးကျည် အစင်း ၂ဝ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း နှင့် ဒုံးကျည်အချို့ကို အစ္စရေးဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အစ္စရေးနိုင်ငံကာကွယ်ရေးတပ်ဖွဲ့(IDF) ၏ မေလ ၉ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

IDF ကာကွယ်ရေးစနစ်က ဂိုလန်ကုန်းမြင့်တွင် တပ်စွဲထားသည့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အားဦးတည်၍ အီရန် Quds တပ်ဖွဲ့က ခန့်မှန်းခြေ ဒုံးကျည် အစင်း ၂ဝ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

ဒုံးကျည်အချို့ကို အစ္စရေးနိုင်ငံ၏ IDF ဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

ဂိုလန်ကုန်းမြင့်၌ တပ်စွဲထားသော အစ္စရေးစစ်တပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်၌ တပ်စွဲထားသော အစ္စရေးစစ်တပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်၌ တပ်စွဲထားသော အစ္စရေးစစ်တပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်၌ တပ်စွဲထားသော အစ္စရေးစစ်တပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်၌ တပ်စွဲထားသော အစ္စရေးစစ်တပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်တွင် နေထိုင်သော အစ္စရေးဒေသခံများအား IDF မှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို နားစွင့်နေကြရန် အမိန့်ပေးထားသည်။

လက်ရှိချိန်ထိ နောက်ထပ် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း IDF က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.