Africa & Middle East
၂၀၁၈ အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၈၈,၇၀၀ ဦးကျော် ဝင်ရောက်မှုကို မော်ရိုကိုနိုင်ငံ ကာကွယ်

ရာဘတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံ အာဏာပိုင်များက နှစ်အလိုက်အားဖြင့် ၃၇ ရာခိုင်နှုန်း တိုးလာသော တရားမဝင်ရွှေ့ပြောင်း နေထိုင်ရန် အားထုတ်သူ ၈၈,၇၆၁ ဦးကို ၂၀၁၈ ခုနှစ်တွင်း တားဆီးကာကွယ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်က ပြောကြားသည်။
အဆိုပါ ဝင်ရောက်နေထိုင်ရန် အားထုတ်သူ ၈၀ ရာခိုင်နှုန်းက နိုင်ငံခြားသားများဖြစ်ပြီး တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ ၂၉,၇၁၅ ဦးကို ပင်လယ်အတွင်းမှ ကယ်တင်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
မော်ရိုကို အာဏာပိုင်များသည် ၂၀၁၇ခုနှစ်က လူကုန်ကူးမှုကွန်ရက် ၂၂၉ ခုကို ဖျက်ဆီးရှင်း လင်းနိုင်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တစ်ချို့တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ ၅၆၀၈ ဦးသည် ၎င်းတို့ မိခင်နိုင်ငံများသို့ မိမိတို့ဆန္ဒအလျောက် ပြန်ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။(Xinhua)