Africa & Middle East
တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံ အတွင်း Afrin ဒေသ ရှိ ရှေးဟောင်းအမွေအနှစ်များ အား တရားမဝင် တူးဖော်နေကြောင်း ဆီးရီးယား နိုင်ငံ အစိုးရ ပြစ်တင်ဝေဖန်
ဒမတ်စကက်ပ် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ဆီးရီးယား နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် နှင့် ပြတိုက် ဌာနချုပ် က ဇူလိုင်လ ၁၀ ရက် ၌ တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် နိုင်ငံ မြောက်ပိုင်း Afrin ဒေသရှိ ရှေးဟောင်း အမွေအနှစ်များ အား တရားမဝင် တူးဖော် ဖျက်ဆီး နေကြောင်း ပြစ်တင်ဝေဖန် ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှ ယင်းဆောင်ရွက်မှု အား တားဆီးပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
ထုတ်ပြန်ကြေညာချက် တွင် တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် ၎င်းတို့ ထောက်ခံ အားပေးသည့် လက်နက်ကိုင် အဖွဲ့အစည်း တို့ က နှစ်ပေါင်း ထောင်နှင့်ချီ၍ ရှိပြီး ဖြစ်သည့် တန်ဖိုးကြီးမား သော ယဉ်ကျေးမှု အမွေအနှစ် နှင့် ရှေးဟောင်း ယဉ်ကျေးမှု တို့အား တရားမဝင် တူးဖော် နေကြပြီး အမွေအနှစ်များအား ပျက်ဆီး စေခဲ့ကြောင်း ဖော်ပြထားသည်။ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြသည့် ဓာတ်ပုံများ အရ တရားမဝင် တူးဖော်မှု အတွင်း ဘီစီ ၁၀၀၀ ခုနှစ် မတိုင်မှီ မှ ရောမ ခေတ်အတွင်း က ရှားပါး ကျောက်ဆစ်ရုပ်ထု ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် Afrin ဒေသ ရှိ ဆီးရီးယား အမွေအနှစ် စာရင်း တွင် ပါဝင်သည့် ရှေးဟောင်းအမွေအနှစ် အများစု က လက်ရှိချိန်တွင် တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ သိမ်းပိုက်မှု ကို ခံခဲ့ရကြောင်း ၊ ဆီးရီးယား နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် ဌာန အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ဥပဒေရေးရာ ကဏ္ဍ နှင့် ရှေးဟောင်း ပညာရပ် ကဏ္ဍ တို့မှ ပညာရှင်များ အား အကူအညီတောင်း လိုပြီး တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ ရှေးဟောင်း အမွေအနှစ် အား သိမ်းပိုက်ခြင်း နှင့် ဖျက်ဆီးခြင်း ကို ရပ်တန့်ပေးရန် တောင်းဆိုလိုကြောင်း ပါဝင် ခဲ့သည်။
ဆီးရီးယား နိုင်ငံ Afrin ဒေသ က နိုင်ငံ မြောက်ပိုင်း Aleppo ပြည်နယ် တွင် တည်ရှိပြီး ရှေးဟောင် အမွေအနှစ်များ အလွန် ပေါကြွယ်ဝသော ဒေသ တစ်ခု ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် တွင် တူရကီ နိုင်ငံ က Afrin ဒေသ သို့ စစ်ရေးကျူးကျော်မှု ပြုလုပ် ခဲ့ပြီး မတ်လ ၂၄ ရက် တွင် ယင်း ဒေသ အား လုံးဝ ထိန်းချုပ်လိုက်သည် ဟု ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)